နောက်တစ်နေ့မနက်လေးနာရီလောက်ပေါ့
"LuLu ထတော့လေ"
"အင်?ဘာလို့လဲဟင်?Lu စာမေးပွဲဖြေနိုင်ပါတယ်"
"ဟဲ့ သြော်ဒီကလေးနှယ် ဘာတွေယောင်နေတာလဲ ထတော့လို့ ဒီနေ့စိုက်ခင်းခေါ်သွားမလို့"
"ဟင် ဘွားဘွားကြီး ခုဘယ်နှစ်နာရီရှိသေးလို့လဲဟင် မှောင်မည်းနေသေးတယ်လေ Lu..Zzz"
"Aishhh..ထထ မိန်းကလေးဆိုတာစောစောစီးစီးထတတ်တဲ့အကျင့်ရှိရတယ်"
"ဘွားဘွားကြီးကလဲ ခဏလေးပဲ ငါးမိနစ်Zzz"
"ညည်းမထရင်ငါကြိမ်လုံးကိုင်တော့မှာနော်"
"အာ harmonim ကတော့ကတော့ Luအိပ်ချင်မူးတူးနဲ့ဆိုတော့ဘွားဘွားကြီးဆီရောက်နေတယ်ဆိုတာမေ့သွားလို့ Mamaနဲ့ပြောနေတယ်ထင်နေတာ ဟီး ထပြီနော်"
LuLuမျက်လုံးမပွင်တပွင့်နဲ့ထလာရပါပြီ တဝါးဝါးသမ်းရင်းမျက်နှာသစ်တဲ့နေရာကိုလျှောက်လာတယ်
LuLu's POV
"ဟာ Oppaတို့အန်တီOhတို့တောင်မနိုးသေးဘူး ဘွားဘွားကြီးကလည်းရက်စက်တယ်။ဒါမဲ့ဘွားဘွားကြီးကတမင်နှိပ်စက်တာတော့မဟုတ်လောက်ပါဘူး ငါ့ကိုစမ်းသပ်နေတာထင်တယ် ဘာပဲဖြစ်ဖြစ်ကိုယ့်အဘွားအရွယ်ရှိတဲ့လူကြီးပြောစကားနားထောင်ရမယ်""LuLuအဆင်သင့်ဖြစ်ပြီလား ငါးနာရီတောင်ထိုးတော့မယ် သွားသွား ဒီကအန်တီကြီးတွေနဲ့လိုက်သွား ဟဲ့ နင်တို့LuLuကိုဘာတွေလုပ်ရတယ်ဆိုတာသေချာပြလိုက်နော် ငါတော့နောက်မှလိုက်ခဲ့မယ်"
"Nae...လာ LuLu အန်တီတို့နဲ့လိုက်ခဲ့"
LuLuကတော့အိပ်ချင်မူးတူးနဲ့ပါသွားပြန်ပါပြီ။အန်တီကြီးတွေကလည်းသူမကိုမြင်မြင်ချင်းချစ်သွားကြတယ်ထင်တယ်။စိုက်ခင်းသွားတဲ့တလမ်းလုံးလဲLuကအရမ်းချစ်ဖို့ကောင်းတဲ့အကြောင်းလူကြီးစကားလဲနာခံတတ်တယ်ဆိုတာရော Luလိုသမီးလေးရှိရင်ကောင်းမယ်ဆိုတာတွေရောပြောလိုက်ကြတာ။သူတို့အရင်ကလည်းအဘွားရဲ့ဧည့်သည်တွေကိုဒီလိုစိုက်ခင်းခေါ်သွားဖူးပါတယ်။အကုန်လုံးကအဘွားကိုအကျင့်မကောင်းဘူးဆိုတာကြီးပဲအတင်းပြောကြပေမဲ့အခု LuLuကျတော့ပြုံးပြုံး ပြုံးပြုံးနဲ့ကြည့်ကြည်လင်လင်ပါလာတော့သူတို့အံ့သြနေကြတာပေါ့။