Next Day''
"ဟော သမီးနိုးပြီလား?လာ လာ အန်တီ ကျောက်ကျောလုပ်ထားတယ်စားကြည့်"
"ဟို Sehun Oppa ရောဟင်?"
"သူလား မနက်အစောကြီးသူငယ်ချင်းတွေခေါ်လို့လိုက်သွားလေရဲ့ မနေ့ကခေါ်တဲ့သူတွေပဲလေ အခုလဲဆရာဆီသွားမလို့တဲ့"
"အာ....ဒါနဲ့အန်တီရောစားပြီးပြီလား?Luနဲ့တူတူစားမယ်လေ"
"စား စား အန်တီကခုနတင်ပဲစားလိုက်တာ"
"သြော် Nae"
•••••••••••••••••••
at Sturback,
"မင်းတို့ကွာ အစောကြီးဘာလုပ်ဖို့လဲကွာ ငါမနေ့ကလည်းမင်းတို့ကြောင့်ကောင်းကောင်းမအိပ်ရဘူး"
Xiumin:"ဟင် ဟေ့ရောင် Sehunသားကြီး ကြည့်ပြော ဘာငါတို့ကြောင့်လဲ?"
"မင်းတို့မနေ့ကလေ ငါမသောက်တော့ဘူးစောစောပြန်မယ်ဆိုတာကိုအတင်းဆွဲထားကြတယ်လေ အခုလဲဆရာဆီသွားဖို့အစောကြီးရှိသေးတာကို"
Chen:"Sehun မင်းကလဲကွာ ဘာဖြစ်လဲ ငါတို့ကဒီကျောင်းပိတ်ချိန်လေးပဲမင်းကိုဆွဲစိလို့ရတာကွ မင်းကကျောင်းပြန်ဖွင့်တာနဲ့ Guideအလုပ်နဲ့တင်တိုင်ပတ်နေတာကို"
Kai:"အဟမ်း အဟမ်း သားကြီးမင်းမနေ့က Mirae နဲ့အခြေအနေ"
"သေလေ နွားရဲ့ ငါ့ဘာသာငါအေးဆေးနေလို့ကိုမရဘူး တကယ်ပဲ မိန်းကလေးဖြစ်ပြီးငါ့လိုက်ကပ်နေတယ် အဲ့တစ်ယောက်က"
Kai:"ဒါကတော့မင်းကချောတာကိုကွ"
"တော်စမ်းပါ"
Xiumin:"သားကြီးကလဲကွာ သူ့ခမျာသနားပါတယ် မင်းနောက်ကိုတကောက်ကောက်လိုက်နေရရှာတာ"
"တော်တော် ငါ့ကိုအဲ့တစ်ယောက်နဲ့ထပ်မအောင်သွယ်ပေးနဲ့တော့"
Kai:"နေစမ်းပါဦးမင်းကဒီလောက် ခါးခါးသီးသီးဖြစ်နေရအောင် မင်းမှာအခုစော်ရှနေလို့လားကွ?"