မရဲ့ မောင်
Episode 3နင်ကလဲ Kris က ချောတယ်လေ ပြီးတော့ နင့်ကို ချစ်နေတာလဲ သည်းသည်လှုပ် ဒီလိုလူမျိုးကို မရွေးရင် နင် ဘယ်သူကို ရွေးမလဲ '
သူမ Baek ပြောတော့ ငိုင်သွားသည်
'ဘာလဲ နင် ကိုကိုကို မမေ့နိုင်သေးဘူးလား '
သူမ သက်ပြင်းချလိုက်ပြီး
'မဟုတ်ဘူးလို့ ပြောရင် ညာရာကျပေမဲ့ ငါ မေ့ဖို့ကြိုးစားနေတုန်းပဲ '
'Su ရယ် နှစ်တွေလဲ ကြာပြီကို '
'ငါ သူ့ကို ချစ်ခဲ့တာ ပေါ့ပေါ့လေး မဟုတ်ဘူး Baek '
'အေးပါ ငါ သိပါတယ် ဒါပေမဲ့ နင့်ဘဝ ရှေ့ရေးက ရှိသေးတယ်လေ '
'အင်းပါ နင်တို့ ငါ့ကို စိတ်ပူနေမှန်းသိပါတယ် ဒါပေမဲ့ ငါ လုပ်ယူလို့ရတဲ့ အရာ မဟုတ်ဘူးလေ '
'ကဲ ကဲ တော်တော့ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ ခုတော့ မှာထားတာတွေ ရပြီ စားကြစို့ '
Lu ဝင်ပြောလိုက်မှပဲ သူမတို့ စကားဝိုင်း ပြတ်သွားသည်
ရှေ့မှာ ရောက်လာတဲ့ မုန့်တွေကို သုံးယောက် အတူတူ စားကြရင်း .....
~~~~~
'Hyung တို့မရောက်သေးဘူးလား ကြာလိုက်တာဗျာ '
'အေးပါကွာ ရောက်တော့မှာပါ ဒီမှာ ငါ လုပ်စရာ ရှိတာလေးတွေ လုပ်နေလို့ပါ Kris ရာ '
'အာ့ဆိုလဲ မြန်မြန်လာခဲ့တော့ ဒါနဲ့ yeol hyung ရော '
'မသိဘူးလေကွာ '
'ကျွန်တော်ဖုန်းဆက်လိုက်မယ် ဒါပဲနေိာ '
သူ yeol hyung ဆီ ဖုန်းဆက်မလို့ လုပ်နေတုန်း Yeol hyung က ဆိုင်ထဲ ဝင်လာပြီလေ
'နောက်ကျလိုက်တာ Hyung ရယ် '
yeol ထိုင်ထိုင်ချင်း အပြစ်တင်စကားက အရင် ....
'အေးပါကွာ ထွက်လာတာ နောက်ကျသွားတာနဲ့ ကားလမ်း ကျပ်နေတာနဲ့ ဒါနဲ ဟိုကောင်ငဆယ်ရော '