မရဲ့မောင်
Episode 9 (Part 1)ဒီနေ့ ရက်ရွေးမယ်ဆိုပြီး သူ com က စောစောပြန်ခဲ့သည်
အိမ်ရောက်တော့ ရေမိုးချိုးပြီး ဟိုဘက်အိမ်ကို မေမေတို့နဲ့ အတူ သွားသည် .... ဟိုဘက်အိမ်ရောက်တော့ မ ပြန်မလာသေး.....
ဒါနဲ့ သူ ဖုန်းဆက်ကြည့်လိုက်တော့ လမ်းထိပ်ရောက်နေပြီတဲ့ ...
မိဘတွေကတော့ အထဲမှာ သူတို့အချင်းချင်း စကားပြောနေကြသည် ...
သူကတော့ မကို အိမ်ရှေ့က ဒန်းလေး ပေါ်မှာ ထိုင် စောင့်နေသည် ... ခဏအကြာ မ ပြန်လာပြီလေ
သူ ထလိုက်ပြီး မ ကားရပ်လိုက်တဲ့နားသွားကာ တံခါးဖွင့်ပေးလိုက်သည်
မက သူ ဖွင့်ပေးလိုက်တဲ့ တံခါးကနေ ဆင်းလိုက်သည်
'ရောက်နေပြီလား '
'အင်း ဟုတ်တယ် ကြာပြီ '
'Sorry ကွာ ငါ ရုံးမှာ အလုပ်တွေ ရှိလို့ '
'ရပါတယ် မရယ် လာ အိမ်ထဲ ဝင်ကြစို့ '
သူ ပြောပြီး မလက်ကို ဆွဲကာ အိမ်ထဲဝင်ခဲ့သည်
အိမ်ထဲ သူနဲ့ မ ဝင်လာတော့ မ အမေက
'ဟော သမီးလေး ပြန်လာပြီ '
'သမီး အလုပ်တွေ များနေတာလား '
သူ့အဖေက မေးလိုက်သည်
'မဟုတ်ပါဘူး ဦး အရမ်းကြီး မများပါဘူး '
'အေး အေး လာ ထိုင်ကြလေ '
'သွားထိုင်လေ '
သူမ သူ့ကို ပြောပြီး
'ခဏလေး အကျီင်္သွားလဲဦးမယ် '
ကိုင်ထားတဲ့ သူ့လက်ကို လွတ်လိုက်ပြီး ပြောလိုက်သည်
သူက ခေါင်းငြိမ့်လိုက်ပြီး သူမလက်ကို လွတ်ပေးလိုက်ပြီး ခုံပေါ်မှာ သွားထိုင်လိုက်သည်
သူမ အပေါ်တက်ပြီး အဝတ်အစားလဲကာ ပြန်ဆင်းခဲ့သည်
သူ့ဘေးခုံမှာ ဝင်ထိုင်လိုက်သည်