မရဲ့မောင်
Episode 10ဖိတ်စာတွေ ရလာပြီမို့ ဒီနေ့ Com က လူတွေ ဖိတ်မယ်ဆိုပြီး သူမ အိတ်ထဲထည့်လိုက်သည် ...
ဒီနေ့တော့ သူက သူငယ်ချင်းတွေနဲ့ တွေ့တယ်ဆိုပြီး အလုပ်နားတယ်တဲ့ ... လုပ်တာမှ မကြာသေးဘူး အလုပ်က ဖြစ်ပါဦးမယ် ....
သူမ ကားပေါတက်ကာ Com ဆီသို့ .....
Com ရောက်တော့ ရုံးထဲက လူတွေကို ဖိတ်စာဝေလိုက်သည် ..
သူ့(ကိုကို) ရုံးခန်းထဲ သွားကြည့်တော့ လူမရောက်သေးတာနဲ့ ရောက်မှပဲ ပေးတော့မယ်ဆိုပြီး ကိုယ့်ရုံးခန်းထဲပဲ ဝင်ခဲ့သည်....
နေ့လည်စာ စားချိန်ပြီးတော့ သူမ ဖုန်းထဲ ဖုန်း ဝင်လာကြောင့် ကြည့်လိုက်တော့ မသိတဲ့ ဖုန်းနံပါတ်တစ်ခု .....
ကိုင်လိုက်တော့
'Hello '
'Su လား ကိုယ်ပါ '
'ဟုတ်ကဲ့ ပြောပါ '
ကိုကိုလေ ...
'ပြောစရာ ရှိလို့ ခဏအပေါ်ဆုံးထပ်ကို တက်ခဲ့ပါလား '
'ဟုတ် '
အတော်ပဲလေ သူမလဲ ဖိတ်စာ ပေးရဦးမှာ ဆိုတော့ ....
သူမ တွေးရင်း လက်ထဲက ဖိတ်စာကို ကိုင်ကာ အပေါ်တက်ခဲ့သည် ....
အပေါ်ထပ်ရောက်တော့ သူက သူမကို ကျောပေးကာ ရပ်နေသည် ...
သူမ သူရဲ့ နောက် ခပ်လှမ်းလှမ်းမှာ ရပ်လိုက်တော့ ...
'ကိုယ်တို့ အစက ပြန်စရအောင် Su '
'ဟင် '
သူက သူမဘက်လှည့်လာကာ သူမ ပခုံးနှစ်ဖက်ကို ကိုင်လိုက်ပြီး
'ကိုယ်တို့ အစက ပြန်စရအောင် Su '
'မဖြစ်နိုင်ဘူး '
'ဘာ '
'ဒီမှာလေ ရော့ ကျွန်မ မင်္ဂလာဆောင်ဖိတ်စာ '
'ဘာ !!!!!'
'ကျွန်မကို အရမ်းချစ်နေတဲ့သူ ကျွန်မက အရမ်းချစ်တဲ့သူနဲ့ လက်ထပ်တော့မှာမို့ ရှင့်တောင်းဆိုချက်ကို ငြင်းပါရစေ Zhang YiXing sshi '