မရဲ့မောင်
Episode 8သူမ ရုံးကနေ စောစော ပြန်ခဲ့ပြီး မေမေ့ကို ကူညီနေသည်
ဟင်း တွေအကုန်လုံး ချက်ပြီးသွားတော့
'သမီး ရေသွားချိုးတော့လေ သွား ခဏနေရင် ရောက်လာတော့မှာ '
သူမ မေမေကို ပိုရန်ကော ဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်သည်
'မေမေကလဲ မသိတဲ့သူတွေကျနေတာပဲ '
'မသိတဲ့သူမဟုတ်ပေမယ့် သမီးလာတောင်းမှာဆိုတော့ လှလှပပလေး ဖြစ်နေရမယ်လေ သမီးရယ် သွားပါ ရေမိုးချိုးပြီး သပ်သပ်ရပ်ရပ်လေး ဝတ်ခဲ့ '
သူမ မေမေကို ဆက်မပြောတော့ပဲ မေမေသဘောအတိုင်းပဲ အပေါ်တက်ကာ ရေမိုးချိုးပြီး နည်းနည်းသပ်ရပ်မည့်အကျီင်္လေး ဝတ်လိုက်သည်
သူမ ပြင်ဆင်ပြီးတော့ အောက်ထပ်က အသံတွေကြားရသည် ရောက်နေပြီထင်တယ်
သူမ အခန်းထဲက ကိုယ်လေး နည်းနည်းယို့ပြီး ကြည့်လိုက်တော့ သူ့အဖေနဲ့အမေက ဖေဖေနဲ့ စကားပြောနေသည်
သူရော သူ....
သူမ ခေါင်းလေးငုံ့ကာ ကြည့်လိုက်တော့လဲ မတွေ့ ....
*ဘာလဲ မလာသေးဘူးလား *
သူမ အခန်းထဲက ထွက်လိုက်ပြီးတော့ အောက်ဆင်းခဲ့သည် .... သူမအောက်ဆင်းလာတော့ မေမေက
'ဟော ... သမီးလေး ဆင်းလာပြီ လာ ထိုင်သမီး '
သူမ မေမေဘေးမှ ဝင်ထိုင်လိုက်ပြီး မျက်လုံးကစားလိုက်သည်
'အော် ... သမီး သားကို ရှာနေတာ ထင်တယ် ... သားက ရေမိုးချိုးပြီးမှ လိုက်ခဲ့မယ်တဲ့....'
'ဟုတ်ကဲ့ အန်တီ '
ဖေဖေတို့ မေမေတို့ စကားတွေ ပြောနေရင်းနဲ့ အချိန်က ကုန်မှန်းမသိ ကုန်သွားသည်
'အချိန်တောင် တော်တော်လင့်နေပြီပဲ ကျွန်မတို့ ထမင်းစားကြတော့မလား ....'