မရဲ့မောင်
Episode 11ဒီနေ့ မင်္ဂလာပွဲနေမို့ သူမ အစောကြီး ထပြီး မိတ်ကပ်ပြင်ရသည် ...
သူမတို့ မင်္ဂလာခန်းမက ထူးခြားအောင်လို့ Hall ထဲ မလုပ်ပဲ ဟိုတယ်အပြင်ဘက်က မြက်ခင်းပြင်မှာ လုပ်မှာလေ ...
သူက အဲ့လိုလုပ်ရတာ သဘောကျတယ်တဲ့ ...
တကယ်တော့ သူက ကမ်းခြေမှာ လုပ်ချင်တာတဲ့ ... ဒါပေမဲ့ သူမက လူတွေ လာရတာ အလုပ်ရှုပ်မှာရော လူကြီးတွေ ပင်ပန်းမှာရော တွေးပြီး မလုပ်နဲ့လို့ ပြောလိုက်တော့ ခုလို မြက်ခင်းပြင်မှာ နေရောင်စစနဲ့ လုပ်ချင်တယ်တဲ့ ...အဲ့ဆိုလဲ လုပ်ပေါ့လို့ ပြောလိုက်တာ ...
ခုတော့ အပြင်မှာ အားလုံး အဆင်သင့် ဖြစ်နေလောက်ပြီ ...သူမလဲ ပြင်တာပြီးလို့ အကျီင်္လဲနေပြီလေ ...
သူမ အကျီင်္လဲပြီးလို့ ထွက်လာတော့ မေမေက အခန်းထဲ ရောက်နေသည် ..
'ကြည့်ပါဦး မေမေ့သမီးလေး လှလိုက်တာ '
မေမေက ပြောပြီး သူမဘေးကို လာတွဲကာ ထိုင်ခုံမှာ ထိုင်စေလိုက်သည် ...
'ခဏကြာရင် Kris မေမေတို့ ဝင်လာတော့မှာ '
'ဟုတ်ကဲ့ မေမေ '
မေမေနဲ့ စကားတွေ ပြောကြပြီး ခဏအကြာ Kris မေမေတို့ ဝင်လာသည် ...
'ဟယ် သမီးလေးရယ် အရမ်းလှတာပဲ '
သူ့မေမေက သူမဘေးမှာ ထိုင်လိုက်ပြီး လက်လေးကို ကိုင်လိုက်ပြီး
'သားလေးက ငယ်သေးတော့ တစ်ဇွတ်ထိုးဆန်တယ် သမီးရယ် သမီးလေးကို အပ်ပါတယ်နော် '
'ဟုတ်ကဲ့ အန်တီ '
'ဘာအန်တီလဲ သမီးရယ် မေမေလို့ ခေါ်ရတော့မှာလေ '
'ဟုတ်ကဲ့ မေ.. မေမေ '
'အေး အေး သမီး မေမေ ဧည့်ခံပွဲထဲ သွားဦးမယ်နော် '
'ဟုတ် '
သူကတော့ ခုထိ ဝင်မလာသေး ...