မရဲ့မောင်
Episode 9(Part 2)ဆိုင်ကို ရောက်တော့ အထဲဝင်ခဲ့သည်
ဆ်ုင်ထဲဝင်ဝင်ချင်း ဝန်ထမ်းလေးတွေက
'အစ်မ Dress ကြည့်မှာလား '
'ဟုတ်တယ် '
'wedding အတွက်ပေါ့နော် '
'ဟုတ်တယ်ညီမ '
'ဒီဘက် ကြွပါရှင် '
ကောင်မလေးက အရှေ့ကနေ လမ်းပြပေးသည်
သူမတို့လဲ ထိုကောင်မလေး နောက်ကို လိုက်ခဲ့သည်
Dress တွေ ထားတဲ့ နေရာရောက်တော့ ကောင်မလေးက
'အစ်မ ရွေးလို့ ရပါပြီ '
သူမ ကြည့်လိုက်တော့ အားလုံး လှနေသည်
သူမ ဘာရွေးရမလဲ မသိ .....
သူ့ကို လှည့်ကြည့်လိုက်တော့
'Kris ရွေးပေးပါလား Su ဘာရွေးရမလဲ မသိလို့ '
'အင်း '
သူက Dress တွေ တစ်ခုပြီး တစ်ခု လှန်ကာ ကြည့်နေသည်
သူက သဘောကျတာ တွေ့သွားသည် ထင်သည် .... Dress တစ်ခုကို ဆွဲထုတ်လိုက်သည်
'မ ရော့ ဒါလေး ဝတ်ကြည့် '
'အင်း '
သူ့လက်ထဲက Dress ကို ကောင်မလေးက ယူလိုက်ပြီး FittingRoom ထဲ သူမ ဝင်ခဲ့သည်
သူ အပြင်ကနေ စောင့်နေရင်း ရင်ခုန်နေသည်
သူရဲမ ဘယ်လိုများ ထွက်လာမလဲ ဆိုပြီးတော့ မျှော်လင့်နေသည် .....
ခဏအကြာ Fitting Room တံခါး ပွင့်လာပြီး ထိုအခန်းထဲမှာ ရပ်နေတဲ့ သူရဲ့မ ....
သူရွေးပေးတဲ့ Dress လေးနဲ့ အရမ်းလိုက်နေသည် ...
သူရွေးပေးတာက ရင်ဘတ်ပေါမှာ VShape ပုံစံ ကြိုးလေးနှစ်ခုက လက်မောင်းထိ သိုင်းထားသည် ... ရင်ဘတ်ပေါကနေ ခါးထိက ခန္တာကိုယ်နဲ့ အတိ ... ခါကနေမှ အောက်ထိ ဂါဝန်ကြီးက ဝဲကျသွားသည်
