မရဲ့မောင်
Episode 12
မနက်နိုးလာတော့ သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့မ ကို ငုံ့ကြည့်လိုက်သည် ..
ကြည့်ပါဦး အိပ်နေတာလေးက ဖြုစင်လိုက်တာ ....
သူ မရဲ့ မျက်နှာပေါ်က နဖူးလေးကို သူ့နှုတ်ခမ်းနဲ့ ဖိကပ်နမ်းလိုက်သည် ...ပြီးတော့ မျက်ခွံမို့မို့လေး ... အငိး ပြီးတောဖြူဖွေးနေတဲ့  ပါးပြင် နှစ်ဖက် ...ပြီးတော့ စင်းနေတဲ့ နှာခေါင်းလေး...အင်း နောက်ဆုံး စတော်ဘယ်ရီရောင် နှုတ်ခမ်းလေး...
သူ နမ်းတာ ပြင်းသွားလို့ထင် .. မ လှုပ်လာသည် ...
သူမမျက်လုံး ပွင့်လာတော့ သူ့မျက်နှာက နီးကပ်နေတာကြောင့် လန့်သွားကာ နောက်သို့ ဆုတ်လိုက်မိသည် ...
သူက သူမခါးကို ပြန်ဆွဲဖက်ကာ သူဘက် ပြန်ဆွဲလိုက်တာကြောင့် သူ့ဘက် ပြန်ပါသွားသည် ...
ပြီးတော့ သူမ နှုတ်ခမ်းလေးဆီ ဦးတည်လာသော သူ့နှုတ်ခမ်း ...
သူမမျက်လုံး မှိတ်လိုက်သည် ...
နွေးထွေးသော အနမ်းများ သူမမျက်နှာပေါ်သို့ ကျရောက်လာသည် ....
အနမ်းများကို အဆုံးသတ်လိုက်ပြီး သူက
'အရမ်းချစ်တယ် မ '
သူမ သူ့ရင်ခွင်ထဲက ရုန်းလိုက်ပြီး
'ခဏ လွတ်ဦး လူက ညီးစိနေပြီ ရေချိုးဦးမယ် '
'တူတူ ချိုးမလားးး '
သူမ မျက်နှာလေး ရဲသွားကာ
'အာ မချိုးချင်ပါဘူး '
သူမ သူ့ရင်ထဲက ရုန်းလိုက်ပြီး ကုတင်ပေါ်က ထလိုက်သည် ...
သူမ ဘေးမှာ သူချက်ချင်းရောက်လာပြီး သူမကိုယ်လေးကို ပွေ့လိုက်ပြီး
'တူတူ ချိုးမယ်နော် မ '
'ဟင့်အင်း မင်းနော် လွတ် ... ဟင့်အင်း မလုပ်နဲ့ '
