Final

1.8K 188 94
                                        

မရဲ့​မောင်
Final

'​မောင်​ ဒါ ဘာလုပ်​​နေတာလဲ '

သူ ထရပ်​လိုက်​ပြီး

'မရဲ အတိတ်​ကို ရှာ​ဖွေ​နေတာ​လေ '

'ဘာ !!!! '

'မင်းက အဲ့လိုလူမျိုးလား Kris '

'မ ဘာ​ပြောတယ်​ ကျွန်​​တော်​က မ အတိတ်​ကို သိခွင့်​ မရှိသူလား ဘာလဲ မရဲ့ အချစ်​ဦးကို ထိ​တော့ မခံနိုင်​​တော့ဘူးလား '

'မင်းးး မင်းးး အဲ့တာ ​စော်​ကားဦး '

ပြောပြီး သူမလက်​က ရိပ်​ခနဲ ...

သူ မြင်​လိုက်​​ပေမယ့်​ မ​ရှောင်​မိ ...

'ဖြန်းးးး '

သူမျက်​နှာ ချာခနဲ ..

သူ မျက်​နှာကို ပြန်​လှည့်​လိုက်​ပြီး သူ ဟားတိုက်​ရယ်​လိုက်​သည်​ ...

'ဘာလဲ အားကိုးရှိ​နေပြီဆို​တော့ ကျွန်​​တော်​ကို​တောင်​ ရိုက်​ရက်​​နေပြီ​ပေါ့ '

သူ နဖူး​ပေါ်ကျလာတဲ့ဆံပင်​​တွေကို လက်​တစ်​ဖက်​နဲ့ သပ်​တင်​လိုက်​သည်​ ...

'အ​ရေးမပါတဲ့ကိစ္စ​တွေ ​'

သူမ ​ပြောပြီး ထွက်​သွားမလို့ လုပ်​​နေတုန်း သူ သူမလက်​ကို လှမ်းဆွဲထားလိုက်​ကာ

'အဲ့အ​ရေးမပါတဲ့ကိစ္စက ကျွန်​​တော်​ဘဝ .. . ကျွန်​​တော်​ သိပ်​ချစ်​ရတဲ့မိန်းမတစ်​​ယောက်​ အ​ကြောင်း အဲ့တာ ခင်​ဗျား သိလား '

သူ ဟင့်​ခနဲ မဲ့လိုက်​ပြီး

'ခင်​ဗျားက​တော့ ဘယ်​သိမလဲ ကျွန်​​တော်​ကိုမှ မချစ်​တာ ခင်​ဗျားသိလား ခင်​ဗျားကို Cafe shop မှာ ​တွေ့ခဲ့တယ်​ဆိုတာ ခင်​ဗျားတစ်​​ယောက်​ထဲ ​တွေ့ခဲ့တာ မဟုတ်​ဘူး ဟို​ကောင်​ကိုပါ​တွေ့တယ်​ ဒါ​ပေမဲ့ ခင်​ဗျား အမှန်​ကို မ​ဖြေခဲ့ဘူး ... အဲ့တုန်းက ဖြစ်​ခဲ့တဲ့ ကျွန်​​တော်​ခံစားချက်​ ...ပြီး​တော့ ​တွေ့ဆုံပွဲမှာ ကျွန်​​တော့်​ သူငယ်​ချင်း​တွေ ​ပြောသွားကြတာ .. ဘာလို့ သူများ​တွေ ​ပြော​လောက်​ရ​အောင်​ တွဲရတာလဲ ​ပြော ...'

သူမက ဆုပ်​ကိုင်​ထားတဲ့ သူ့လက်​ကို ဆွဲဖြုတ်​လိုက်​ပြီး .

မရဲ့​မောင်​ Where stories live. Discover now