Episode 13

2K 145 19
                                    

မရဲ့​မောင်
Episode 13

'မ မနက်​ဖြန်​ ရုံးတက်​​တော့မှာလား '

သူက ကုတင်​​ဘေးက ခုံ​ပေါ်မှာ Game ထိုင်​​ဆော့​နေရင်း ​မေးလိုက်​သည်​ ..

'အငိး တက်​​တော့မှာ ပျက်​တာ ကြာ​နေပြီ​လေ '

မက ကုတင်​​ပေါ်မှာ ​ခေါင်းအုံးနှစ်​လုံးဆင့်​လျက်​ ​လျောထိုင်​​နေကာ စာအုပ်​ဖတ်​​နေရင်း ​ဖြေသည်​ ..

'အငိး ​မောင်​လဲ မနက်​ဖြန်​ စတက်​​တော့မှာ '

'အင်း ​ကောင်းပါတယ်​ '

သူ Game ကစား​နေတာကို ပိတ်​လိုက်​ပြီး ကုတင်​​ပေါ်တက်​လိုက်​ကာ

'အိပ်​ကြစို့ မ '

'အို .. မင်းဟာမင်းအိပ်​ပါလား ငါမှ မအိပ်​ချင်​​သေးတာ '

'မရဘူး ​မောင်​နဲ့တူတူ အိပ်​ရမယ်​ ​.. ​ပေးပါဗျာ အဲ့လက်​ထဲက စာအုပ်​ .. '

သူ ​ပြောရငိး လက်​ထဲက စာအုပ်​ကို ဆွဲယူလိုက်​ကာ မ တပ်​ထားတဲ့ မျက်​မှန်​ကို ဆွဲဖြုတ်​ကာ သူ့ရင်​ခွင်​ထဲ ဆွဲထည့်​ကာ ဖက်​ထားလိုက်​သည်​ ...

ညရဲ့ တိတ်​ဆိတ်​မှု​အောက်​မှာ Kris ရဲ့ တိုးတိတ်​တိတ်​ အသံ​လေးတစ်​ခုသာ ထွက်​​ပေါ်လာ​တော့သည်​ ...

'အရမ်းချစ်​တယ်​ မရယ်​ '

~~~~~~~~~~

မ​နေ့ညက သူ့ရင်​ခွင်​ထဲမှာ အိပ်​​ပျော်​သွားတာ​ကြောင့်​ နိုးလာ​တော့လဲ သူ့ရင်​ခွင်​ထဲမှာ ...

သူမခါး​ပေါ်ဖက်​ထားတဲ့ သူ့လက်​ကို ဖယ်​လိုက်​ချိန်​မှာ သူနိုးသွားသည်​​လေ ...

သူက အိပ်​ချက်​မူးတူးနဲ့ နာရီကို လှမ်းကြည့်​လိုက်​သည်​ ...

'၅ နာရီပဲ ရှိ​သေးတာ မရာ ဘာလို့ အ​စောကြီး ထတာလဲ '

'လုပ်​စရာ ရှိတာ လုပ်​ရဦးမယ်​​လေ မင်းလက်​ကြီးဖယ်​ '

'မင်း မင်း နဲ့ မရယ်​ လင်​မယား​တွေ ဖြစ်​​နေပြီ အ​ခေါ်အ​ဝေါ်​လေး ​ပြောင်းသင့်​တယ်​ မထင်​ဘူးလား'

'မထင်​ပါဘူး လွတ်​စမ်းပါ '

'မလွတ်​ဘူးဗျာ အ​ခေါ်အ​ဝေါ် မ​ပြောင်းမချင်းမလွတ်​ဘူး '

မရဲ့​မောင်​ Where stories live. Discover now