မရဲ့ မောင်
Episode 14သူကလဲ သူမလက်ကို မလွတ် .. သူမလဲ ရုန်းနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေတုန်း အခန်းထဲကို ပျော်ရွှင်စွာ ဝင်လာသော Kris ....
'မရေ မောင်တို့ ထမင်းသွားစား .... ဟင် '
သူ အခန်းထဲဝင်လာလာခြင်း မလက်ကို ဆွဲထားတဲ့ သူကြောင့် သူ့စကားတွေ ရပ်တန့်သွားသည် ...
'ခင်ဗျား ဘာလို့ ကျွန်တော်မိန်းမလက်ကို ကိုင်နေတာလဲ !!!! '
သူ ဝင်လာရင်း မ လက်ကို ကိုင်ထားတဲ့ ထိုကောင်လက်ကို ဆွဲဖြုတ်လိုက်ပြီး မလက်ကို သူ့ဘက်ဆွဲလိုက်ကာ ထိုကောင်မျက်နှာကို ဆွဲထိုးလိုက်သည် . ...
'ခင်ဗျားက ဘာမို့ ကျွန်တော့်မိန်းမလက်ကို ဆွဲရာတာလဲ အဲ့တာ ဆွဲချင်ဦး ခွပ် ... '
သူ နောက်တစ်ချက် ထိုးမလို့ လုပ်လိုက်တော့ မက သူ့လက်ကို ဆွဲထားကာ
'Kris ya Su ပြောတာကို နားထောင်ဦး သူက Su ကို ထမင်းစားရအောင် ခေါ်နေတာပါ Su က မလိုက်ချင်လို့ ငြင်းတာ သူက အရမ်းကျွေးချင်နေလို့ ဇွတ်ခေါ်ရင်း ဖြစ်သွားတာပါ စိတ်လျော့နော် '
ပြောပြီး သူ့ကို ဆွဲခေါ်ကာ အပြင်ထွက်မလို့ လုပ်လိုက်တော့ သူက Yixing ဘက်ကို လှည့်ကြည့်ကာ
'ခင်ဗျား သတိထားနေ '
ကြိမ်းဝါးပြီး သူမဆွဲခေါ်တဲ့နောက် လိုက်ခဲ့သည် ...
အပြင်ရောက်တော့မှ သူမ သူ့လက်ကို ဖြုတ်လိုက်သည် .. သူက ပြန်ကို်င်လိုက်ပြီး
'မကြောင့် သည်းခံပေးလိုက်တာ သိလား '
'အင်းပါ Su ကို ထမင်းလိုက်ကျွေးမယ်ဆို သွားရအောင်လေ '
'Ok သွားမယ် '
သူ ပြောပြီး မလက်ကို ဆွဲကာ စားသောက်ဆိုင်သို့ .....
~~~~~~~~
'မ ဒီနေ့ Choco Cafe ဆိုင်မှာ တွေ့လိုက်တယ် '