မရဲ့မောင်
Episode 7သူ မ Com ရှေ့ရောက်တော့ ကားကို ဒီအတိုင်းထားခဲ့ပြီး အထဲဝင်ခဲ့သည် မအခန်းဆီ တောက်လျောက် တက်ခဲ့သည်
မအခန်းတံခါးကို ဖွင့်ဝင်လိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် .....
'ဒါ ဘာလုပ်နေကြတာလဲ '
အခန်းထဲမှာ ဖက်ထားတဲ့သူနှစ်ယောက် တစိယောက် တစ်နေရာစီ ကွဲသွားသည်
သူရဲ့မ နဲ့ ယောကျာ်းတစ်ယောက် .... ထိုယောက်ျား .... ဟုတ်တယ် မနေ့ညနေက မနဲ့ စကားပြောတဲ့တစ်ယောက် ....
'ဒါ ဘာလုပ်နေတာလဲ မ အခန်းထဲမှာ '
'သူ နေမကောင်းလို့ မူးလဲတာ ကိုယ်ထိနိးထားပေးတာပါ '
'ခင်ဗျားကို မေးနေတာ မဟုတ်ဘူး '
သူ မ,လက်ကို ဆွဲကိုင်လိုက်ပြီး ဆွဲခေါသွားသည်
သူ အပေါဆုံးထပ်ကို တောက်လျောက် တက်လာခဲ့ပြီး'ပြောပါဦး ကျွန်တော် ခေါ်တာကို မစောင့်ပဲ သွားနှင့်တာ ဒီလိုတွေ လုပ်ဖို့လား '
'ဘာ !!!! '
'ဟုတ်တယ် မ,သိလား မ,ကျွန်တော့်ကို မစောင့်ပဲ သွားတယ်လို့ သိလိုက်ရတဲ့ အချိန်တုန်းက ဖြစ်သွားတဲ့ ခံစားချက် ပြီးတော့ အခု အခန်းထဲက မြင်ကွင်း '
'မဟုတ်ဘူး Kris ခုနက ကိစ္စက မထင်မှတ်ပဲ ဖြစ်သွားတာ ငါ မူးနေလို့ သူက ခဏထိန်းပေးထားရုံပဲ ကျန်တာ ဘာမှ မပါဘူး '
သူ သူမ ပြောတာကို နားထောင်ရင်း မျက်လုံးတွေ နီလာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ရင်း
'ဟာကွာ ဒုန်းးးး ဒုန်းးးး ဒုန်းးးး '
ဘေးက နံရံကို လက်သီးနဲ့ ထိုးလိုက်သည်
ထိုအဖြစ်အပျက်ကို မြင်နေတဲ့ သူမ မျက်လုံးပြူးလျက် .....
'Kris မငိး ဒေါသထွက်နေတာ ငါမလား ဘာလို့ ကိုယ့်ကိုကိုယ် အနာခံနေတာလဲ......'