My Marriange Life With CEO Kim
Kyung Soo ဆိုတဲ့ သူက အမှတ် မရှိတာ လား အကြောက် မရှိတာလား ဘာလား တော့ မသည်းကွဲ Kyung Soo နောက်ရက်တွေမှာ သတင်းစာ သွားပို့ ခဲ့ပေမယ့် အရင် လို ဟို တစ်ယောက်ကိုတော့ မတွေ့ခဲ့ သူ့ မသိစိတ်ကနေ သူ တွေ့ချင်နေတဲ့ တစ်ယောက်ကို မတွေ့ရတဲ့ နောက်မှာတော့ ညနေ ခင်း တစ်ခု မှာ အရဲစွန့်ကာ သူ ခြံဝ မှာ ရစ်သီ ရစ်သီ လုပ်ပြီး တွေ့လို တွေ့ညား သူ ချောင်းနေမိသည်
သူ့ မှာ ကုပ်ချောင်းချောင်းနဲ့ သူ့ကိုမြင်သွား မှာကိုလည်း ကြောက်သလို ဟိုတစ်ယောက်ကို တွေ့ချင် စိတ်ကလည်း များနေတာ အမှန်ပင်
~~~~~~×××~~~~~
Jongin သူ ခြံရှေ့မှာ ပြိုင်ကား လေး ရပ် လိုက်တာနဲ့ တစ်ပြိုင်နက် သူ ကားရပ်တာကို မမြင်ဘဲ အရှေ့ကို ဘဲ အာရုံ ထားကာ ကုပ်ချောင်းချောင်း နဲ့ ခြံထဲကို ချောင်းနေတဲ့ ကောင်လေး ကို တွေ့လိုက်ရတော့ သူပြုံးမိသွားသည်
သူ ဒီကောင်လေး ကို မမေ့သေး ဖြူစင် လွန်းတဲ့ သူ့ မျက်နှာလေး ဟာ သူ့ကို ရင်ခုန်အောင် အထိ မလုပ် နိုင်သေး ပေမယ့် ချစ်စရာ ကောင်းလွန်း တာတော့ အမှန်...ပကတိ အရိုး ခံမျက်နှာလေးကြောင့် သူ့ ကောင်မလေးတွေ ကောင်လေး တွေ အများကြီး ကြားထဲ က မှ သူ မှတ်မိနေတာပင်
သူ ကားကို အသာ ရပ်ကာ ကားပေါ်က ဆင်းပြီး ကုန်းကာ ခြံထဲကို ချောင်း ကြည့် နေတဲ့ ကောင်လေး နောက် တည့်တည့် ရပ်ကာ
~ ဟေ့ ဘာချောင်း နေတာလဲ
သူလည်း မေးလိုက်ရော တွန့်ခနဲ့ ဖြစ်သွား တဲ့ ကိုယ်လေး နဲ့ အတူ သူ့ကို တအံ့ တသြ လှည့်ကြည့် လာတဲ့ မျက်လုံး ၀ိုင်း လေးတွေက အံ့သြမှု့တွေ အထင်းသား ပင်
သူ့ကို မြင်တော့ ထိတ်ထိတ် လန့်လန့်နဲ့ ပြေးထွက်ဖို့ လုပ်တော့ သူ လှမ်းဆွဲလိုက်ရင်း
~ ငါ့ဆီ လာတာ မလား အခု တွေ့ပြီလေ ဘာလို့ ထွက်ပြေးမှာလဲ
YOU ARE READING
My Marriage Life With CEO Kim ( Z+U)
FanfictionAngst Drama Romance Main OTP.....KaiSoo