My Marriange Life With CEO Kim
~ အကိုလေး ကျွန်မတို့ နဲ့ လိုက်ခဲ့ ပေးပါ
Kyung Soo မျက်ရည် ကျနေတုန်း အခန်းထဲ ၀င်လာပြီး ခေါ်တဲ့ အိမ်က အလုပ်သမား တွေကြောင့် Kyung Soo ကိုယ်လေး တွန့်ခနဲ့ ဖြစ်သွားသည်
~ မလိုက်ဘူး လာမခေါ် ကြနဲ့
Kyung Soo အသည်း အသန် ငြင်းကာ ထောင့် ကို ကပ်ပြီး ထိုင်လိုက်ပေမယ့်
အလုပ်သမား တွေက
~ သခင်လေး အမိန့်ကို ကျွန်တော်တို့က မလွန်ဆန် နိုင် ပါဘူး အကိုလေး အကိုလေး အသာ တကြည် မလိုက်ရင်တော့ ပွေ့ပြီး ခေါ်သွားပေးပါမယ်
ဘောဒီဂတ် ဆိုတဲ့ တစ်ယောက်က ပြောလည်း ပြော ရှေ့လည်း တိုးလာတာကြောင့် Kyung Soo ကို့ ဘာသာ ထရပ်လိုက်ပြီး
~ လိုက်ခဲ့မယ် လိုက်ခဲ့မယ် အရှေ့က သွား
Kyung Soo နောက်ကနေ လိုက်လာ ခဲ့တော့ သူတို့ အခန်းနဲ့ မနီး မဝေး မှရှိတဲ့ အခန်း တစ်ခု ထဲ ၀င်သွားတာကြောင့် သူ အနောက်ကနေ လိုက်ဝင်ခဲ့သည်
ရှင်းလင်း နေတဲ့ အခန်းက အခန်းပို တစ် ခုမှန်း အသိ အသာ ပင်.....ဘယ်ချိန်ကတည်း က ရောက်နေမှန်း မသိတဲ့ Make Up Artists တွေထဲက တစ်ယောက်က ဟိုငေး ဒီလေး လုပ်နေတဲ့ Kyung Soo လက်လေး ကို အသာ ဆွဲရင်း ခုံမှာ ထိုင်ခိုင်းကာ
Kyung Soo မေးဖျား လေးကို အသာ ဆွဲမော့ရင်း
~ Mr Kim က သိပ်အရွေး တတ်တာဘဲ ကြည့်စမ်း ပါဉီး သူ့ ရွေးထားတဲ့ သူက မိန်းကလေး တွေတောင် ရှုံးတယ်...မျက်လုံးလေးကလည်း လှ အသား အရေ လေးကလည်း ကြည်လင် နေတာဘဲ
ူ့သူ့ ကို ရှေ့မှာ ထားတာ ချီးမွမ်းခန်း ဖွင့်နေတဲ့ သူတွေကို Kyung Soo အမြင်ကတ်စွာ ကြည့်လိုက်မိသည် သူ့ အဖြစ်က အရုပ် ကလေး ကျလို့ သူတို့ လုပ်သမျှ ခံနေ ရတဲ့ အရုပ် သက်သက်သာ
မျက်စိ ကို မှိတ်ထားရင်း စိတ်ကြိုက်သာ လုပ်ကြပေတော့ ဆိုပြီး သူ့စိတ်ကို အဆုံးထိ လျော့ ကာ ငြိမ်ပေးနေလိုက်သည် သူတို့ အလုပ် သူတို့ လုပ်နေကြတဲ့ make up ပညာ ရှင်တွေက Kyung Soo မျက်နှာလေး ကို စိတ်ကြိုက်လည်း ခြယ်သပြီးရော