My Marriange Life With CEO Kim
-Omo Kim Jongin ကိုယ်တိုင် လိုက်လာပါရောလား ကြည့်ရတာ Kyung Soo ကို လာခေါ်တယ် ထင်တယ်နော် ဘယ်လို လုပ်မလဲ ရှင့် Kyung Soo က တို့ အခန်းထဲ တောင် ရောက်နေပြီ
~ဟေးရာ ဘယ်လို ပြောလိုက် တာလဲ မယုတ်မာနဲ့နော်
Kyung Soo ပြောလိုက်ပေမယ့် ဟေးရာ က ပုခုံး တစ်ချက် တွန့်ပြ ရုံသာ
Jongin ကတော့ နှစ်ယောက်လုံးကို စိုက်ကြည့် ရင်း
~ငါ့ကို နောက်ကျော ဓားနဲ့ ထိုးတဲ့ Do Kyung Sooကိုရော မင်း ကိုရော ခွင့် မလွှတ်ဘူး ငါ့ အကြောင်းသိစေရမယ်
Jongin စကားတွေကြောင့်Kyung Soo တုန်လှုပ်သွားသည် ပြောရက် လိုက်တာ Jongin ရယ် သူက Jongin ကို သစ္စာဖောက်မယ် တဲ့လား
~ Jongin အဲ့လို မဟုတ်ဘူး ငါ ငါ ရှင်းပြမယ်
Kyung Soo ပြောလိုက်ပေမယ့်Jongin က သူ့ကို လက်ညိုး ထိုးကာ
~ မင်း ပါးစပ် ပိတ်ထား Do Kyung Soo !
Jongin စကားကြောင့်Kyung Soo ငြိမ်ကျသွားရသလို မျက်ရည်များလည်း ချက်ချင်း ဆိုသလို ဝဲတက် လာရသည် သူ့ လက်ကောက် ဝတ်ကို အတင်း ဆွဲခေါ် လာတဲ့ Jongin နောက် သူ တရွတ်တိုက် ပါလာရသည် လက်ကောက် ဝတ်နေရာ ကို ညှစ်ကာ ဆွဲထား တာကြောင့် သူနာနေပေမယ့် လည်း ဘာမှ မပြောမိ
သူ့ ရင်ဘတ် ထဲက ဒဏ်ရာ က ပိုနာ ကျင်ရသည် မဟုတ် ပါလား
ကားဆီ ရောက်တော့ သူ့ ကို ကားထဲ တွန်းထည့် ကာDriver ကို အဲ့ နေရာ တင် ဆင်းခိုင်း လိုက်တဲ့ Jongin
သူ ကိုယ်တိုင်ပင် Driver Seatမှာ ဝင်ထိုင်ကာ ကားကို အကြမ်းမောင်းထွက် လိုက်သည်
~ Jong Jongin
Kyung Soo နာမည် ကို ခေါ်ရင်း မျက်နှာချောချော ကို ကြည့်မိတော့ ဒေါသကြောင့် မျက်ဝန်းတွေ က ရဲတွတ်နေသည် တင်းတင်း စေ့ထားသည့် နှုတ်ခမ်း တစ်စုံ က ဒေါသကြောင့် ပင် တုန်ယင် နေသည် မဟုတ်ပါလား
~ ငါတောင်းပန်ပါတယ် Jongin တကယ် တော့လေ မင်း ထင်သလို မဟုတ် ပါဘူး ငါငါ့ကို ဟေးရာ က ခြိမ်းခြောက်တာ ပါ ငါ ငါ အဲ့ကို မလာရင် သူက မင်းကို ဘဝပျက်အောင် လုပ်မယ်တဲ့