Jong Jongin
Kyung Soo သူ မိုးရေထဲကနေ ဒူးထောက်လျက် ခေါ်နေမိသည် ကားပေါ်က ဆင်းလာမယ့် လူတစ်ယောက် ကို သူမျှော်လင့် တကြီး ကြည့်နေမိသည် မဟုတ်လား
Kyung Soo မျက်လုံးတွေက နူးညံ့ကာ တစ်စုံ တစ်ရာ ကို မျှော်လင့် နေသလောက် ကားပေါ် က ဆင်းလာတဲ့ Jongin မျက်လုံးတွေက မိုးရေထဲမှာတောင် ခက်ထန်နေသည်
ဒူးထောက် နေသည့် Kyung Soo ကို ခပ်ဆူးဆူး ကြည့်ရင်း
~ မုန်းတယ် ငါ့ကို လိမ်တဲ့ မင်းကို မုန်းတယ်
Jongin စကားတွေဟာ Kyung Soo ရင်ဘတ်ရဲ့ အရှိုက်တည့်တည့် ကို ထိမှန်လွန်းသည် တစ်ခုခု ကို Kyung Soo ပြန်ရှင်းပြချင်နေပေမယ့် သူ့ကို မယုံကြည်တဲ့ Jongin ကို သူ ဘယ်လိုမှ ရှင်းမပြနိုင်
မိုးရေ စက်တွေ မျက်နှာပေါ် ကျနေတာတောင် မျက်လုံး က မျက်ရည်တွေ ကျနေမှန်း သိသာ ထင်ရှားနေသည်
Jongin နှုတ်ဖျားက မုန်းတယ် ဆိုတာထက် ပိုတဲ့ စကားလုံးတွေ ထွက်ကျလာမှာ သူစိုးရိမ် တာနဲ့ ယိုင်နဲ့နဲ့ ကိုယ်ကို အားတင်းကာထရင်း ကြိုးစား ရပ်လိုက်သည် ပြီးတော့ နောက်လှည့် မကြည့်တမ်း မရှိတဲ့ အားလေး နဲ့ ပြေးထွက်လာခဲ့သည်
~ တောင်းပန်ပါတယ် ငါ မင်းဆီက မုန်းတယ် ဆိုတာထက် ပိုတဲ့စကားတွေတော့ ထပ်မကြားပါရစေနဲ့တော့ Jongin ရယ်
~~~~~~~*****~~~~~
သူ့ကို မိုးရေ ထဲကနေ မျက်လုံး ဝိုင်းတွေနဲ့ မော့ကြည့်နေ
တဲ့ မျက်ဝန်း တစ်စုံ သူ့ မျက်လုံးထဲကနေ လုံးဝ မထွက်~ မချစ်တော့ဘူး သူ Do Kyung Soo ကို မုန်းတော့မယ် ဟု ဘယ်လောက်ဘဲ တင်းထားစေကာမူ အဲ့ မျက်လုံးလေးတွေ ကို မြင်ရင် သူ့စိတ်တွေ မနည်း ထိန်းထားရသည်
လောကမှာ သူ အမုန်းဆုံး အလုပ်က လှည့်ဖျားခြင်း
အခု သူလောကမှာ အချစ်ဆုံး လူတစ်ယောက်က သူ့ကို လှည့်စားခဲ့တာပင်
သူ Do Kyung Soo ကို ဒီတစ်သက် ခွင့်လွှတ်နိုင်ပါ့ မလားတောင် မသိ