Kyung Soo ahh Jelba ငါ့ ကို စောင့်နေပေးပါ
Jongin သူ ခပ်တိုးတိုး ပြောရင်း ဝေဝါးနေတဲ့ မျက်ရည် စတွေကို သုတ်ကာ စာရွက်လေး ကိုကိုင်ရင်း ပြေးထွက်လာခဲ့သည် အောက်မှာ အသင့်စောင့်နေတဲ့ ကားပေါ် တက်ကာDriver ကိုဖယ်ခိုင်းရင်း သူကိုယ်တိုင် မောင်းချလာခဲ့သည်
သူ့ မျက်လုံးထဲလည်း ဘာဆို ဘာမှ မမြင်တော့ မိုင်ကုန် အထိ တင်ကာ မောင်းနေတာ အိမ်ကို သာ အမြန်ရောက်ချင်ဇောနဲ့
Kyung Soo သာ မရှိတော့ရင် သူရူး သွား မလားတောင် သေချာ မသိ
ခြံပေါက် ရောက်တာ နဲ့ တစ်ပြိုင်နဲ့ ကားကို ဟွန်းဆက်တိုက် တီးပစ်လိုက်သည်
တော်တော်နဲ့ ထွက်မလာတဲ့ သူတွေကြောင့် သူစိတ် အတော် တိုသွားရသည် ပြီးမှ ဒေါသကို ပြန်မြိုချ လိုက်ရသည်
သူ ကိုယ်တိုင်ဘဲ အလုပ် သမားတွေ အားလုံးကို အနောက်တိုင်ဘက် ရွေ့ထားပြီး အလုပ်နားခိုင်းထားတာ Kyung Sooကိုဘဲ သူ တာဝန်ပေးထားတာ မဟုတ်လား
တောင်းပန်ပါ တယ်Kyung Soo ahh
အတော်ကြာသည် အထိ ထွက်မလာတော့ နှလုံးခုန်သံတွေ မြန်လာကာ လူက အသက်ရှူရခက်လာသည်
Kyung Soo သူ့ကို ထားပြီး ထွက်သွားတာတော့ မဖြစ်နိုင်ဘူး မလား ! စိုးရိမ်စိတ်တွေ ကိုဖြေလျော့ရင်း ကားဟွန်းကို အသည်း အသန်တီးမှ အိမ်တော်ထိန်းကြီး ပြေးကာထွက်လာလေသည်
~ အကိုလေး ပြန်လာပြီလား
အိမ်တော်ထိန်းကြီးက သူ့ကို နှုတ်ဆက်တာကို သူဂရုမစိုက်နိုင်စွာ
~ Kyung Soo ?? Kyung Soo ရော
Jonginအလောတကြီးမေးလေတော့ သူ့ အမေးကို အိမ်တော်ထိန်းကြီးက ထူးဆန်းစွာ သူ့ကိုကြည့်ရင်း
~အကိုလေးက ကျွန်တော်တို့ကို အနောက်တိုက်ဘက် ပြောင်းထားတော့ Kyung Soo လေးကို မတွေ့ မိပါဘူး
အိမ်တော်ထိန်းကြီး အဖြေကြောင့် Jongin ကားပေါ် ကနေ ပြေးဆင်းကာ အိမ်ထဲ ပြေးဝင်လာခဲ့သည်
~ Kyung Soo?? Kyung Soo??
တကြော်ကြော်အော်ခေါ်ရင်း အသည်း အသန် ရှာနေမိသည် ခါတိုင်းဆို သူ အိမ်ပြန်လာရင် ဆိုဖာပေါ် ကနေ သူ့ကို မရဲတရဲ ကြည့်နေတတ်တာ သူ့ အိတ်တွေ ကိုပြီးရင် အပြေးလာသယ်ပေးပြီး သူ့ကို ခိုးကြည့် တတ်တာ
YOU ARE READING
My Marriage Life With CEO Kim ( Z+U)
FanfictionAngst Drama Romance Main OTP.....KaiSoo