အပိုင်း ၉

13.9K 1.2K 36
                                    

My Marriange Life With CEO Kim

ရုတ်တရက် သူ လုံးဝ ထင်မှတ် မထားတဲ့ အပြု အမူ ကို Kyung Soo လုပ်လိုက်တာကြောင့် Kai မှာ တောင့်တောင့် ကြီးပင်..ပူနွေးနွေး ဖြစ်နေတဲ့ သူ့ရဲ့ နှုတ်ခမ်း ထူထူ ကို ကိုင်ထားရင်း မယုံကြည် နိုင်မှု့တွေ အံ့သြ မှု့တွေ အပြည့်..သူ့ရှေ့က Kyung Soo ကို ကြည့်တော့လည်း အရှက် သည်းစွာ ခေါင်းငုံ့ ထားလေသည်

သူ Kyung Soo ပုခုံး နှစ်ဖက်ပေါ် ကို လက်တင် လိုက်ရင်း

~ Kyung Soo ဒီကို ကြည့်

သူပြောလိုက်ပေမယ့် သူ့ကို မော့ ကြည့် မလာတဲ့ Kyung Soo ကြောင့် သူ အသည်းယားစွာ Kyung Soo မျက်နှာလေး ကို ဆွဲကာ မော့ လိုက်သည်

သူ မျက်နှာလေး ဆွဲမော့ ထာတာတောင် မှ မျက်ဝန်း တွေကို အောက်ကို ငုံ့ကြည့် ထားတဲ့ Kyung Soo ကြောင့်

~Kyung Soo မင်း ခုနက ငါ့ကို နမ်းလိုက်တာလား

~ ဟင်

ဒီတစ်ခါ တော့ Kyung Soo မျက်ဝန်းတွေ သူ့ကို ကြည့်လာသည်..Kim Kai ဟာလေ ဒီလို မေးခွန်း မျိုး ကို သူ့ကို တည့်ကြီး မေးစရာလား  Kyung Soo မှာ ရှက်လွန်းလို့ မနေတတ်တော့တာနဲ့

~ မသိဘူး

ဆိုပြီး အမြန်ဖြေ ကာ သူ့ကို ဝင်တိုက် ရင်း အိမ်ထဲ ဝင်လာခဲ့ သည်..သူ့ နောက်ကနေ တောက်လျောက် လိုက်လာတဲ့ Kai ခြေသံကို သူကြားရတော့ အရှိန် တင်လိုက် ပေမယ့် နောက်ကနေ သူ့ခါး ကို ဆွဲဖက် လိုက်တဲ့ Kai ကြောင့် သူ့ မှာ Kai ရင်ခွင် ထဲ ဝင်သွား ရသည်

~ Kai???

~ ငါ မင်းကို စိတ်ဆိုး ပြေ သွားပြီ နောက်တစ်ခါ ချော့ရင်လည်း  အဲ့လို လုပ်ပြီး ချောလို့ ရတယ် ကြားလား

~ ဒါဆို ငါငါ စားဖို့ ပြင်လိုက် မယ်လေ

Kyung Soo စကား လမ်းကြောင်း လွှဲလိုက်တော့ Kai က သူ ဆွဲဖက် ထားတဲ့ Kyung Soo ကိုယ်လေး ကို လွှတ်ပေးရင်း

~ အင်း ကိုယ်စောင့် နေမယ်

~~~~~~~~××××××~~~~~~~~

မီးဖို ခန်းထဲမှာ တကုပ်ကုပ် နဲ့ အလုပ် ရှုပ်နေတဲ့ Kyung Soo ကို ထမင်းစား စားပွဲပေါ်မှာ Smart ကျကျ ထိုင်ရင်း မျက်တောင် မခတ်တမ်း ကြည့်နေသူက Kai ပင်

My Marriage Life With CEO Kim ( Z+U) Donde viven las historias. Descúbrelo ahora