အပိုင်း ၇

14.8K 1.3K 36
                                    

My Marriange Life With CEO Kim

အား ကျွတ်​ ကျွတ်

မနက်​ မိုးလင်း ​တော့ အရင်​ဆုံး Kyung Soo လုပ်​မိတာက ငြီးမိတာပင်​...သူ့ လက်​တစ်​ဖက်​ ကလည်း ​မြှောက်​လို့ မရ​အောင်​ထိ ​ညောင်းကိုက်​နေပြီး လူက လည်း ထလို့ မရပင်​....သူ့ ရဲ့ ညာဘက်​ လက်​​ပေါ်မှာ ​ခေါင်းတင်​ကာ သူ့ရင်​ခွင်​ထဲ တိုးဝင်​ကာ အိပ်​​နေတဲ့ Kai​ကြောင့်​ Kyung Soo ရင်​ခုန်​သံ​တွေ​တောင်​ မြန်​လာ သလိုလို

Kai ကို အသာ တွန်းဖယ်​ရင်း အိပ်​ရာ ​ပေါ်က ထဖို့ ပြင်​လိုက်​​ပေမယ့်​ အ၀တ်​အစား ကင်းမဲ့ကာ ​စောင်​ပါး​လေး တစ်​ထည်​သာ ခြုံထားတဲ့ သူ့ပုံစံ​ကြောင့်​ သူ လန့်​ကာ ပြန်​လှဲချ လိုက်​မိသည်

ဘုရား​ရေ !!

အဲ့ကျမှ ညတုန်း က အဖြစ်​ အပျက်​ ​တွေကို ​ခေါင်းထဲမှာ ပြန်​သတိ ရလာရင်း မျက်​နှာ တစ်​ပြင်​လုံး ရဲတက်​ လာရသည်​ ....အိပ်​ရာ ​ပေါ် က​နေလည်း မထရဲ ဖြစ်​ကာ သူ့မှာ ​စောင်​ကို အတင်း ဆွဲထားရင်း ထိုင်​​နေမိတာ အကြာကြီး

~~~~~×××××~~~~~

ဘေးနားက လှုပ်​လှုပ်​ ရွရွ အသံ​တွေ​ကြောင့်​Kai နိုးလာ​တော့ ကြည့်​လိုက်​​တော့ ဟို ကိုယ်​​တော်​​ချောက မျက်​လုံး အစုံ ကိုပြူးကာ ​စောင်​ကို လုံး​ချေကာ အတင်း စုပ်​ကိုင်​ထားရင်း ​လောကကြီးကို ​မေ့​နေသည့်​ပုံ...မျက်​နှာ တစ်​ပြင်​ လုံး မှာ ဆိုရင်​လည်း စ​တော်​ဘယ်​ရီခင်းလိုလို ခရမ်းချဉ်​သီး ခင်းလိုလို ရဲ​တောက်​​နေပြီး သူ နိုးတာ​တောင်​ သတိ ထားမိပုံ မရ

Kai လည်း အိပ်​​နေရာ က​နေ ထထိုင်​ရင်း

အဟမ်း ဆိုပြီး အသံလည်း ​ပေးလိုက်​​ရော မျက်​လုံး အ၀ိုင်းသား နဲ့ သူ့ဘက်​ ကို လှည့်​ကြည့်​ လာသည်

သူလည်း မျက်​ခုံး ပြန်​ပင့်​ ပြရင်း

~ ဘာလုပ်​​နေတာလဲ!! ဟင်​!! နိုးရင်​လည်း ​ရေချိုးချည်​​လေ ဘာလည်း ငါက ချီပို့ ​ပေးရဉီးမှာလား

Kai လည်း ​မေးလိုက်​​ရော Kyung Soo မှာ ​ခေါင်းကို အတင်း လည်​ထွက်​​နေ​အောင်​ခါရမ်းရင်း ​စောင်​ကို ပတ်​ကာ ​ရေချိုး ခန်းထဲ ​ပြေးဝင်​သွား​လေသည်

My Marriage Life With CEO Kim ( Z+U) Onde histórias criam vida. Descubra agora