My Marriange Life With CEO Kim
Kyung Soo ရဲ့ လက်သေးသေး လေး တွေရဲ့ ဆွဲခေါ်မှု့ နောက်မှာ ပါသွားသော ကျွန်တော် Kim Jongin ကို Company က ၀န်ထမ်း တွေအားလုံးက ထူးဆန်း သလို ကြည့်နေကြသည်
Kyung Soo ကတော့ ကလေး တစ်ယောက်လို ကျွန်တော့် လက်ကို ဆွဲကာ ပြေးတုန်းက ပြေးပြီး ဓာတ်လှေကားနား ရောက်တော့ ဟောဟဲ ဆိုက်ကာ မောနေသည် မဟုတ်လား
ကျွန်တော့် လက်ကို ဖြုတ်ကာ အမော ဖြေနေတဲ့ သူ့ကို ကြည့်ရင်း လှေကား အလာ ကို စောင့်နေတဲ့ ကျွန်တော် အသည်း ယားနေတာ ဆိုတာလေ
ဓာတ်လှေကားလည်း ရောက်လာရော Kyung Soo တစ်ယောက် သူ အစောန က လွတ်ထားတဲ့ Jongin လက်ကို ပြန်ဆွဲကာ လှေကား ထဲကို ဆွဲခေါ်လေသည်
~ Kaja
Jongin မျက်နှာကို ကြည့်ရင်း ပြုံးကာ ပြောလိုက်တော့ Jongin တစ်ယောက် အသည်းယားစွာ Kyung Soo ပါးတွေကို ဆွဲညှစ်ကာ နှုတ်ခမ်း ဖူးဖူး လေးကို ခပ်ဖွဖွလေး နမ်းလိုက်သည်
Company အောက်ထပ်လည်း ရောက်ရော Jongin က ကားယူဖို့ ပြင်နေတာကြောင့် Kyung Soo သူ့ လက်ကို လှမ်းဆွဲကာ
~ ဒီနေ့ ကျွန်တော်တို့ ကား လုံးဝ မယူ ဘူးလေ Romantic တယ် ဆိုတ ဘယ်လိုလည်း ဆိုတာ ပြမလို့ ပါဆို
Kyung Soo ရဲ့ ကလေး ဆန်ဆန် အပြောကြာင့် Jongin ရယ်မိသွားသည်
~ သဘောဗျာ
Jongin စကား ကြောင့် Kyung Soo က ပြုံးရင်း Jongin လက်မောင်း ကို ချိတ်ကာ
~ ဒီနေ့ တစ်လောက လုံးကို လည်ပြီး ကြွားပစ်မယ် ဟော ဒီ Kim Jongin က Do Kyung Soo ရဲ့ အပိုင် ဆိုတာကို
Kyung Soo စကားကြောင့် Jongin ရင်တွေခုန်သွားလေရဲ့ Kyung Soo က ဒီနေရာ မှာ သူ့ထက် စကား တွေ တက်နေပါလား
Bus ကား ဂိတ်လည်း ရောက်ရော Kyung Soo က
~ တက်ကြစို့လာ
ဆိုပြီး ဆွဲခေါ်တာကြောင့် Jongin မှာ ယက်ကန်ကန် နဲ့ Bus ကားပေါ် ပါသွားရသည်
* ဘုရားစူး သူ ဆိုတာလေ တစ်ခါ မှ Bus ကား မစီး ဘူးတာပါ *
ကားပေါ်မှာ ထိုင်စရာ နေရာ က မရှိတာကြောင့် နှစ်ယောက်သား ဘားတန်းလေး ကိုင်ကာ မတ်တပ်ရပ် နေကြရသည်
STAI LEGGENDO
My Marriage Life With CEO Kim ( Z+U)
FanfictionAngst Drama Romance Main OTP.....KaiSoo