My Marriange Life With CEO Kim
Kyung Soo သူ Kai ရင်ခွင်ထဲကို တိုးဝင်ရင်း Kai ဆီက ရတဲ့ ကိုယ်သင်းနံ့လေး ကို ရှူနေမိသည် ..သူ့ ဆံပင်တွေကို လိုက်နမ်းနေလေ တဲ့ Kai ကလည်း သူ့ကို ဖက်ထားတာ တင်းတင်း ကျပ်ကျပ်ပင်
Kai က တင်းနေအောင် ဖက်ထားတာကြောင့် သူ အသက်ရှူ မဝ ဖြစ်မှ
~ Kai လွှတ်ဉီးလေ
သူ ပြောလိုက်တော့ Kai က သူ့ မေးဖျား လေး ကို အသာ ဆွဲမော့ရင်း ချိုမြိန်သော အနမ်း တစ်ခု ပေးလေသည် သူကလည်း အလိုက်သင့် တုံ့ပြန်နေပြီးကာမှ
ဒေါက် ဒေါက်
ဆိုပြီး အခန်းတံခါး လာခေါက်တာကြောင့် Kai က ကျစ် ခနဲ့ လုပ်ရင်း သူ့ကို လွှတ်ကာ Lock ချထားတဲ့ တံခါး ကို သွားဖွင့်လေသည်
~ Japan ရုံးခွဲမှာ ပြသနာ တက်နေတယ် မန်နေဂျာ ချုပ်က ငွေတွေ လိမ်သွားလိုတဲ့
~ ဘာာ
စက္ကထရီ ကောင်မလေး ရဲ့ အလန့် တကြား လာပြောတဲ့ အပြောကို Kai က ဒေါသ သံနဲ့ တုံ့ပြန်လိုက်သည်
~ ကျစ် အဲကောင်ကတော့
~ အဲဒါ အခု CEO ဘယ်လို လုပ်မလဲ ကျွန်မတို့ဘက်က
~ ငါ အခု ညနေ Flight နဲ့ လိုက်သွားမယ် အခုချက်ချင်း Ticket ဖြတ်ထား
Kyung Soo လည်း ကြောင်ပြီး ရပ်နေကာ မှ Kai က Japan ကို လိုက်သွားမယ် ဆိုတာလည်း ကြားရော
~ Kai ငါရော လိုက်ခဲ့ချင်တယ်
~ အာ Kyung Soo က ဘာလို့ လိုက်မှာလဲ ကိုယ်က ခနဘဲ သွားမှာ အလွန်ကြာ ၂ရက်ပေါ့
~ ဒါပေမယ့်
~ ကဲပါ Kyung Soo ပြန်လိုက်တော့ ကိုယ် အလုပ်တွေ ရှုပ်နေတယ် မအား သေးဘူး
သူ့ ကို ပြန်လွှတ်နေတဲ့ Kai ကြောင့် Kyung Soo မျက်ရည်တွေ ဝဲလာ ရသည်...ခုနက ကြည်နူး နေတဲ့ အပျော်လေးတွေတောင် ဘယ်ရောက်သွားမှန်း မသိ..Kai ဟာ သူထက် အလုပ် ကိစ္စ တွေကဘဲတကယ်ဘဲ အရေး ပါတယ် ဆိုပြီး သတ်မှတ်ထားလေသလား !!
Kyung Soo လည်း Kai ကို မစောင့်ချင်တော့တာနဲ့ သု့ ပစ္စည်းတွေ သိမ်းပြီး ကားငှားကာ အိမ်ပြန်ခဲ့သည်..သူ ကိုက်လက်စ ပိတ်စ လေး ကတော့ တန်းလန်း ကျန်နေခဲ့တာပင်