My Marriange Life with CEO Kim
Kyung Soo သူ ခုတင်ပေါ်က မထခင် အရင်ဆုံး တွေးမိတာက ထွက်ပြေးဖို့ ...သူ အခုသာ မပြေးနိုင်ရင် သူ့ တစ်ဘ၀ လုံး ဒီလူကြီး နဲ့
# ဟုတ်တယ် သူ အဲ့လိုတော့ အဖြစ် မခံနိုင်#
Kyung Soo တွေးရင်း ခုတင်ပေါ် က ထလိုက်သည် သူ့ကို ကြည့်နေတဲ့ Kai မျက်ဝန်း အကြည့် တွေကို ရှောင်လွဲရင်း
~ မင်း မင်း အရင် ရေချိုး မယ် မလား ငါ ပြီးမှ ချိုးလိုက်မယ်
Kyung Soo စကားကြောင့် Kai သူ Kyung Soo မျက်နှာကို သေချာ ကြည့်လိုက်သည်..Kyung Soo ပုံစံက တစ်ခုခု လုပ်ဖို့ မဟုတ်တာ ကို ကြံစည် နေတယ် ဆိုတာ မျက်နှာ ပေါ်မှာ အတိုင်းသားပင်...Kyung Soo ဘာလုပ်မလို့လည်း ဆိုတာလည်း သူသိပြီးသား ဒါကြောင့် သူ အသာ ပြုံးကာ
~ Ok လေ ကိုယ့်ဇနီးလောင်းလေး က ကိုယ့်ကိုအရင် ချိုးစေ ချင်မှတော့ ချိုးရမှာတော့
Kai ပြောရင်း ပြုံးစစ နဲ့ ရေချိုး ခန်းထဲ ၀င်လာခဲ့သည်
# အတော်ဘဲ Kyung Soo!! ငါလည်း ပျင်းနေတာမို့ Game လေး ဆော့ကြတာပေါ့ #
Kai ရေချိုး ခန်းထဲဝင်သွားပြီ ဆိုတာနဲ့ Kyung Soo တစ်ယောက် ဂနာ မငြိမ်စွာ အခန်းထဲမှာ သူ့ ပစ္စည်းတွေ ပတ်ရှာမိသည်..အာ သူက လာကတည်းက ဘာမှမှ မပါတာ....သူ့မှာ ပါတာ ဆိုလို့ ငွေလေး နည်းနည်း နဲ့ သူ့ ကတ်လေး တစ်ကတ်သာ
သူ့ ပိုက်ဆံအိတ်လေး ကို သူ အသာ ယူကာ အခန်းထဲကနေ အရင် ထွက်ဖို့ လုပ်လိုက်သည်
# ကံကောင်းပြီး သူ ဒီကနေ အမြန်လွတ်ပါစေ #
Kyung Soo တိတ်တိတ်လေး ဆုတောင်းကာ အိမ်ထဲကနေ ထွက်လာခဲ့သည် ခြံထဲမှာ အစောင့် ဆိုတာလည်း တစ်ယောက်မှ မရှိ..ခြံကြီးက ကျယ်လွန်းတာကြောင့် လမ်းမ ကိုတောင် မမြင်ရ..လေးဖက် စလုံး သစ်ပင်တွေနဲ့ အုပ်နေတာကြောင့် ဘယ်ဘက် ကို ပြေးလို့ ပြေးရမယ် မှန်းလည်း မသိ..ဒါပေမယ့်လည်း သူကြိုးစား ကာ အရင်ဆုံး တစ်ဖက် ကိုပြေးထွက်မိသည်