~ အာ လွှတ် လွှတ်တော့လေ Jongin ရဲ့
Kyung Soo တစ်ယောက် Jongin ပေါင်ပေါ် ကနေ အရှက်သည်းစွာနဲ့ Jongin ရင်ခွင်ထဲ တိုးဝင်ကာ ပြောနေမိသည်
ကြည့်ပါဦး ခြံထဲက အလုပ်သမားတွေ ကလည်း သူတို့ကို ကြည့်ပြီး ပြုံးစိစိ
ဘိုးဘိုး ကလည်း လှစ်ခနဲ့ ပျောက်သွားသေးတာ
~ အာ တကယ် လွှတ်တော့ဆို
သူ့ခါးတွေ ကို အတင်း ဖက်ကာ ချုပ်ထားတဲ့ Jongin ကို Kyung Soo နှုတ်ခမ်းလေး ဆူကာ ပြောလိုက်သည်
~ ဒီနားလေး နမ်း ပြီးရင် လွှတ်ပေးမယ်
အခုတင် နမ်းထားတာကိုမှ အားမနာ သူ့နှုတ်ခမ်းကို ဆူကာ ပြောနေတဲ့ Jongin ကို Kyung Soo အသည်းယား မိတာ အမှန်
~ အင့်
နှုတ်ခမ်းကို အမြန်ထိ ကာ နမ်းလိုက်သည် ပြီးတော့
~ လွှတ်တော့လေ
Kyung Soo ပြောတော့ Jongin ကခေါင်းခါပြသည် Jongin ဆိုးနေတာ သူသိတာပေါ့ တစ်ချိန်လုံး သူ့ကို ကလေးတစ်ယောက်လို ကပ်ချွဲနေတော့ သူအသည်းပါ ယားလာသည်
~ ဒီလိုကြေးလား
Kyung Soo ညစ်ကျယ်ကျယ် ပြောကာ Jongin ရဲ့ လည်ပင်း လေးကို အသာလေး နမ်းကာ ကိုက်လိုက်သည်
~ အာ အာ Kyung Kyung Soo
သူ့ခါးတွေကို တင်းတင်းကျပ်ကျပ်ဖက်လာတဲ့ Jongin ရယ်ကြောင့် Kyung Soo ရယ်မိကာ သဘောကျပြီးလွှတ်ပေးလိုက်သည်
Jongin ကတော့ သူ့ နှာခေါင်းလေးနဲ နှာခေါင်းအချင်းချင်း ထိကာ သဘောတကျရယ်နေသည်
~ Kim Jongin
ထိုအခ်ျန်မှာပင် အနောက်ကနေ ကျယ်လောင်တဲ့ အသံကြီးနဲ့ တုတ်တစ်ချောင်း ဆွဲကာ ရောက်လာသူက ဘိုးဘိုးပင်
~ အယ် ဘိုးဘိုး
Kyung Soo ကတော့ Jongin ပေါ်ကနေ အမြန် ထကာ အဟင်းအဟဲ လုပ်ပြီး ဟိုဟာဘဲကောက်ကိုင် ရမလို ဒီဟာဘဲ ထဆွဲ ရမလို ဗျာများနေသည် Kim Jongin င်္ကြးကတော့ ခပ်တည်တည် ပင် ဒူးချိတ်ကာပင် ထိုင်နေသည်
~ အတတ်ကောင်းတွေ လာလုပ်နေတယ်ပေါ့ ဟုတ်လား
ပြောပြော ဆိုဆို Jongin ကိုဒုတ်ကောက်ကြီးနဲ့ ရိုက်ချ လိုက်တာ့