အပိုင်း(၁)

30.8K 1.1K 107
                                    

" Yaa Jun .. ဟိုမှာ မင်းလူကြီး ! "

မျက်လုံးဝိုင်းဝိုင်း အသားဖွေးဖွေးနဲ့ ကောင်
လေးကို ဘေးက Eye liner နဲ့ကောင်လေး
က ပခုံးချင်းတိုက်ကာ ပြောလိုက်သည် ။ ထို
အချိန်ကျမှ Jun ဆိုတဲ့ကောင်လေးက လေ
ကြမ်းကြမ်းကြောင့် ဖွာလန်ကျဲသွားသော ဆံ
နွယ်လေးများကို နဖူးထက် ဖိသတ်ဆွဲချရင်း
ဘေးကကောင်လေး မေးငေါ့ပြရာ လှမ်းကြည့်
လိုက်သည် ။

ဟွန့် ။ Zhang YiXing shi ... လာချော့
တာလား ? မရပူးမှတ် !!!

" Baek သူ့ကို မမြင်ချင်ယောင်ဆောင်နေ
လှည့်မကြည့်နက် ။ "

Jun စကားကြောင့် Baek က သူ့ဘက်လှည့်
ကြည့်လာသည် ။ နှုတ်ခမ်းကလည်း မဲ့ရွဲ့ရင်း ။

" ငါ့ကိုမမြင်ချင်ယောင်ဆောင်ခိုင်းနေတယ်
မင်းကျ ခုထိမျက်လုံးမလွှဲနိုင်သေးပဲ ။ "

Baek စကားကြားတော့မှ ခပ်လှမ်းလှမ်းတွင်
ရပ်ထားသော နောက်ဆုံးပေါ်ကားတစီးဘေး
တွင် စတိုင်အပြည့်ဖြင့် ခန့်ညားစွာ ရပ်နေလေ
သော သူ့ရဲ့ ထိုလူကြီး ဆီ လေဆာတွေ လှမ်း
ပစ်နေရင်းမှ အကြည့်လွှဲကာ Baek ကို မျက် စောင်းကြိတ်ထိုးလိုက်သည် ။

" လာစမ်းပါ သွားရအောင် ... "

Jun က Baek လက်ကိုဆွဲကာရပ်နေရာမှ လှည့်
ထွက်သွားတော့ ကားဘေးရပ်နေသော Zhang
YiXing ဆိုသူခမျာမှာ မျက်လုံးပြူးမိသည် ။ သူ့
ဟာသူ အရိပ်သုံးပါနားမလည်ပါပဲ ထိုကောင်
လေး သူ့ဆီလာမည်အမှတ်နှင့် ထိုနေရာမှာတင်
ရပ်ကာ အပြုံးနုနုတွေ ပေးရင်း ကျောက်ရုပ်ဖြစ်
နေခဲ့တာလေ ။ အဲဒါ ဟုတ်ရဲ့လား ? တကယ်
တော့ ထိုကောင်လေး စိတ်ကောက်နေသေးတာ
သိနေသည်ကြောင့် ချော့ဖို့စကားလုံးတွေစီရင်း
ဦးနှောက်ခြောက်ကာ ထိုကောင်လေးအနား
သွားဖို့ကို သူ့မှာ အကြီးတန်မဲ့ အငယ်ကို ပြန်
ကြောက်နေရတာမျိုးပဲဖြစ်နေခြင်းပဲမဟုတ်လား
လေ ။

" Yaa Yaa နောက်မှာ လိုက်လာနေတယ် ။ "

" အင် ! Jinja ?? "

" အင်း "

"လှည့်မကြည့်နဲ့နော် ။ လုံးဝလှည့်မကြည့်နက်။ "

လှည့်မကြည့်နဲ့ဆိုကာ မျက်လုံးက အနောက် ချည်း ဝေ့ဝဲနေသော Jun ကို Baek မျက်စောင်း
ထိုးကာ ပွစိစိပြောမိသည် ။

ကလေးဆိုးလေး[COMPLETED]Место, где живут истории. Откройте их для себя