အပိုင်း(၁၂)

8.3K 551 31
                                    

ကလေးမရှိဘူးဆိုတဲ့ အသိ။ တိတ်ဆိတ်လို့၊
မွန်းကျပ်လို့၊ ခြောက်ကပ်နေတာ ... အရာရာ
ဟာ အကျဉ်းတန်သွားသလို။ သူ့ဆီကနေ အ
ပြီးတိုင်သာ ထွက်သွားခဲ့ရင် ဆိုတဲ့အတွေး ...
နှလုံးသားတခုလုံး ဆွဲဆုပ်ဖျစ်ညစ်ခံထားရသလို
နာကျင်လှသည်။

ခုလိုက်တားရင် နောက်မကျသေးပါဘူးဟု .. ဦးနှောက်က လှုံ့ဆော်တဲ့အခါ ခြေလှမ်းတွေက လှောင်ရယ်လေသည်။ သူဘာကိုစိုးထိတ်နေမိ တာလဲ ?? သူ .. ကလေးလေးကို ယုံတယ်လေ။ သူ့ကိုအရမ်းချစ်တဲ့ ကလေးက သူ့နားကိုသေချာ ပေါက်ပြန်ရောက်လာလိမ့်မယ် ဆိုတာ .. သူမုချ ယုံကြည်တာပေါ့။ ဒါနဲ့များ ဘာလို့ ... ဘာလို့ အသုံးမဝင်တဲ့ အတွေးတွေနဲ့ လှောင်ပိတ်ခံနေ ရတာလဲ ??

သွားစမ်းပါ ... သောက်ရေးမပါတာတွေ ...။
ကလေးက သူ့အဖေဆီ ခဏအလည်သွား
နေတာ .. ဟုတ်တယ်။ အချိန်တန်ရင် သူ့
ရင်ခွင် ပြန်ဝင်လာမှာပဲ။ ဘာကိုမှ တွေးပူနေ
စရာမလိုသလို ... သူ့ခေါင်းထဲက မီးစတွေ
အကြောင်း ကလေးသာသိခဲ့ရင် ... သူကလေး
ကို မယုံကြည်လို့ သံသယပွားနေသလား ဆိုပြီး စိတ်မကောင်းဖြစ်သွားနိုင်တာလေ ..။ သူ ...
ရပ်တန်းကရပ်သင့်တယ်။ ပျော်စရာကောင်း
တဲ့ အလည်အပတ်တခု ဖြစ်ဖို့သာ ဆုတောင်း
ပေးနေသင့်တာမဟုတ်လား ... ခုတော့ကွာ။

"ဟားး ......."

ခြံရှေ့က ကားသံပျောက်သွားသည်အထိ
နေရာမှာ မလှုပ်မယှက် ရပ်နေမိရင်းမှ .. ဧည့်
ခန်းမှ ဆိုဖာခုံတွေဆီ လေးပင့်စွာ လှမ်းသွား
မိသည်။ဆိုဖာနောက်မှီတွေဆီ ခေါင်းကို လှန်
ချရင်း ဟားခနဲသော သံရှည်တခုကို စိတ်ပျက်
စရာကောင်းစွာ အော်ဟစ်မိကာ လစ်ဟာနေ
သော အရာတခုအတွက် .. တခဏမျှ တစုံတခု
နှင့် အစားထိုးရန် ဆုံးဖြတ်မိပါသည်။

"သူဌေးလေး .. ညစာပြင်ထားလိုက်ရတော့
မလား?"

"မပြင်နဲ့တော့ arjima ~!"

အပေါ်ကုတ်ကို လှေကားထစ်တွေတလျှောက်
တရွတ်ဆွဲမိရင်း အိပ်ခန်းထဲရောက်မှန်းမသိ
ရောက်လာမိတော့ ... နှစ်ယောက်အိပ်ကုတင်
ကျယ်ဟာ အထီးကျန်လို့ ...။

ဟားး Zhang Yixing !! မင်း ရူးနေပြီလား??
ရူးနေလို့ ... စိတ်တိုစရာကောင်းအောင် လျှောက်
ခံစားနေရတာလားကွာ !!! aish !!!!

ကလေးဆိုးလေး[COMPLETED]Dove le storie prendono vita. Scoprilo ora