အပိုင်း(၄)

10.4K 666 36
                                    

*ဖူးး

"Xing ဟာ ... အဟင့် အဟင့် ~! "

*ဖူး !

"ယားတယ်ဆို Xing နော် ... မနက်စောစော
စီးစီး .."

*ဖူး !

"အာ Xing ဘယ်လိုဖြစ်နာလဲ ?
သူ့လုပ်ရင်တော့ မခံနိုင်ဘဲနက် ... သူများကျ
လာလာစနယ် ~!"

"အဲ့တာဆို ထလေကွာ .. ခုနှစ်နာရီတောင်
ခွဲနေပီကို ... နှပ်မနေနဲ့ ထတော့ .. ထ~!"

သူက လက်ကနေဆွဲရင်း ကိုယ်လေးကို အတင်း လာဆွဲထူနေသည် ။ အိပ်လို့ကောင်းနေသေးတဲ့
ဟာကို Xing စုတ် ... ညစ်ပတ်နေတယ် !!!

"ခဏလေးပဲလေနော် ... နောက်ငါးမိနစ်ဆို
ထပ်လာနိုးလှည့် သွားသွား .."

စောင်ပုံထဲကနေမထွက်ဘဲ သူ့ကိုတွန်းမိတွန်းရာ တွန်းရင်း ခြေထောက်နဲ့ကန်မိသလိုပါ ဖြစ်သွား ခဲ့သည်။

"အကြီးကို ခြေထောက်နဲ့ကန်တာလား ?"

ဇက်ကလေးအသာပုလိုက်ရင်း မသိချင်ထောင် ထောင်ကာ အိပ်ချင်မူးတူးယောင်ဆောင်လိုက်
ရပြန်သည်။

"weekend လေဗျာ အိပ်ရေးဝဝလေး အိပ်ပျဇေ အူးးးး အဟင့် ~!"

"ဒိတ်လုပ်မယ်ဆို ... ကဲအဲ့ဒါဆို ဒိတ်မလုပ်တော့ ဘဲ အိပ်ပဲနေမလား ?"

ဟင် ?

အာ့တော့ ဖြစ်ပူးလေ ... Xing က တပတ်လုံးမှ ဒီနှစ်ရက်လေး အားတာကို ! ဒိတ်ကိုအပျက်ခံလို့
တော့ မဖြစ်ပူး ... ဒါမဲ့လည်း မထချင်သေးပူး ဘို ဖြစ်နေမှန်းမသိ .. အဟင့် အဟင့် .. အာာ သိပီ !

"နာနေတယ် ... မထနိုင်ဘူး ဟင့် ဘိုလုပ်မယဲ .."

"ကောင်လေး ... မူယာမာယာမများနဲ့ .."

"ဟာာ များဈာလားး Xing ကလည်း .. တကယ် နာနေလို့ဟာ .. ဟာ .. အမ်းးး ဘာလုပ်တာလဲ ?"

ဖင်ပစ်ပေးပီး ခေါင်းမော့ကာ စောင်ခြုံထဲ ခွေကောင်းနေတဲ့ ကောင်လေးကို Xing က စောင်ပုံလေးအတိုင်း စွေ့ခနဲကောက်ပွေ့လိုက် တော့ အလန့်တကြား ထအော်ရှာလေသည်။

"Xing ..... ဆို !!! "

ရေချိုးခန်းထဲရောက်သွားပီး ရေချိုးကန်နား မတ်တပ်ရပ်တော့ သူ့နာမည်ကို ချွဲနွဲ့ကာ
ခေါ်လိုက်မိသည် ။

ကလေးဆိုးလေး[COMPLETED]Onde histórias criam vida. Descubra agora