အပိုင်း(၂၁) [Extra]

14.1K 617 81
                                    

ရောင်စုံပွင့်သော ပန်းပွင့်.. ပန်းခင်းတွေ အလယ်
ပြေးလွှားနေသောကောင်လေးဟာ သစ်ပင်ကြီး
တွေ ပေါက်နေသော တောအုပ်ငယ်လေးထဲ ပြေး
ဝင်ပျောက်ကွယ်သွားလေတယ်..။ ဒဏ္ဏာရီပုံပြင်
တွေထဲက မင်းသားလေးလို ဝတ်ရုံဆင်မြန်းထား
သော ကောင်လေးနောက်ကို သူဟာမြင်းဖြူ
တကောင်အား အပြင်းစိုင်း၍ လိုက်မိလေတယ်။

ညို့ယူသွားတဲ့ မျက်ဝန်းနက်တစုံရယ်.. ပါးပါး
လေး ကော့ညွတ်ပြလိုက်တဲ့ ချယ်ရီရောင် နှုတ်ခမ်းလွှာထက်က အပြုံးတပွင့်ကြောင့်ပဲ
သူဟာ ထိုကောင်လေးကို နောက်တကြိမ်မြင်
တွေ့ချင်စိတ်တွေ ထိန်းချူပ်မရခဲ့...။

မြင်းပေါ်က ဆင်းလိုက်ကာ ပျောက်ကွယ်သွား
တဲ့ ကောင်လေးကို ရှာပုံတော်ဖွင့်နေမိရင်းမှ....။

ရုတ်တရတ် ဘယ်နေရာကမှန်းမသိ တဖြုတ်
ဖြုတ် ကြွေကျလာသော ပန်းပွင့်တွေ...။ မြူမှုန်
တွေလို ဝေဝါးနေရင်းမှ ရှေ့မှာပေါ်လာသည်က
ပန်းပွင့်လွှာများ ကုန်းမို့မို့တခုလို ပုံနေပုံ..။ထိုပန်း
ပွင့်အပုံ ပေါ်မှာတော့ ခြေတွဲလောင်းလေးချကာ
ထိုင်နေသည့် ကောင်လေးတယောက်...။ အိုး..
ဘုရားသခင်.. ဒါဟာ မျက်နက်ဝန်းတို့ပိုင်ရှင်
အပြုံးတို့ရဲ့ သခင်ပဲ....။

ထိုကောင်လေးဟာ လက်ထဲကခြင်းတောင်း
သဏ္ဌာန်လေးထဲကနေ ပန်းပွင့်တို့ အဆုပ်လိုက်
ယူကာ သူ့အပေါ် ကျဲချပေးနေလေတာပဲ....။
ထိခတ်လာသော ပန်းပွင့်တို့ရဲ့ နူးညံ့မှုဟာ အိ
စက်လွန်းလှသည်......။ ညက်ညောလွန်းလှ
သော်လည်း...။

*ဘုန်း.. ဘုန်း

"အ..!! အားးး...!!"

အိမ်မက်ကမာထဲတွင် ပန်းတို့နှင့်အပေါက်ခံ
နေရသော သူဟာ.. အပြင်လောကမှာတော့
တဖုန်းဖုန်းထုနေသော လက်သီးဆုပ်တို့ကြောင့်
လန့်ဖြတ်ကာ နိုးလာရလေသည်..။

"ကလေး.... ဘာလို့လဲ..??"

"ဘာလို့ကုလားသေ ကုလားမောအိပ်နာလဲ.. T.T
ဒီမှာ အချစ်က ငိုနေလို့.. ချော့လို့လည်း မရ
ဘူး ဘာဖြစ်မှန်းလည်း မသိဘူး ဟင့် .. ငိုချင်
လာပြီ ဒီကပါ .. ရွှတ် .. T.T "

ကြိမ်ပုခက်ကလေးအတွင်းမှ ကလေးငယ်လေး
က တဝါးဝါး... အော်ငိုနေရင်း..။ သူအခြားတဖက်
က နောက်ကလေးလေးတယောက်ကို ငဲ့ကြည့်
မိတော့ အိပ်မောကျမြဲကျလို့..။ သားကတော့
သူနဲ့တူလို့လားမသိ အမွှာသာပြောတယ် သမီး
နဲ့ကိုမတူ အအိပ်သာမက်တတ်တယ်လေ။ သမီး
ကတော့.. ကလေးနဲ့တူလို့လားရယ်မသိ အမြဲ
တမ်း စူကောက်ဂျစ်ကျနေတတ်တာ ချော့ရင်
လည်း ခဏနဲ့မရ..။ အိမ်း.. ကြားရင်တော့ အထောင်းခံရဦးမေ xD

ကလေးဆိုးလေး[COMPLETED]Hikayelerin yaşadığı yer. Şimdi keşfedin