အပိုင်း(၁၉)

7.3K 515 70
                                    

"အားးးးးးးးးး"

ဂျယ်ဂျူဒိုမှပြန်အလာ ရက်အနည်းငယ်ကြာပြီး
နောက်.... ဧည့်ခန်းက သတင်းစာတစောင်ကို
အိပ်ခန်းထဲရှိ ဆိုဖာပေါ်ထိုင်ကာ ဖတ်နေရင်းမှ..
ရေချိုးခန်းထဲမှ ထိုအသံကို သူကြားလိုက်ရခြင်း
ဖြစ်သည်...။

သူထိုင်နေရာမှထကာ.... ရေချိုးခန်းရှေ့ရပ်ကာ
အထဲကို စိုးရိမ်တကြီး နားစွင့်လိုက်ရင်း...။

"ကလေး.... ဘာဖြစ်လို့လဲ..? ဘာဖြစ်တာလဲ.."

သူ့အသံမဆုံးခင်မှာတင်.... နောင်ထပ် အော်
သံတသံထပ်ထွက်လာပြီးနောက်.. ရေချိုးခန်း
ထဲမှ ယုန်တကောင်၏ ကဆုန်ပေါက်သံ ဒေါသ
ပုန်ထနေသံကို သူကြားလိုက်ရသည်....။ ဘာ
များလဲ.... ကလေးရယ်.. ကိုယ်က ချောလဲတာ
တို့ အကောင်တွေ့တာတို့ တခုခုများလား စိုးရိမ်
နေ....။

ရေချိုးခန်းတံခါးကို ခေါက်၍နောက်တကြိမ် ကလေးကို စူးစမ်းဖို့ ဟန်ပြင်ရုံရှိသေးသည်...
တံခါးချပ်က ဝုန်းခနဲ ပွင့်သွားပြီး အထဲက ခုန်
ဆွခုန်ဆွထွက်လာသည့် ယုန်ပေါက်က ဗလာ
ကျင်းသော ခန္ဓာကိုယ်ပေါ် သဘက်တထည်
လျော့ရိလျော့ရဲ ပတ်လာရင်း....။

*ဂလု..

တံတွေးတချက် အမှန်တကယ် မျိုချလိုက်မိ
သည်ထင်ပါတယ်...။ ကလေးရဲ့ နူးညံ့အိစက်
နေသော ရင်လွှာသားတွေဆီက အကြည့်ခွာ
ရင်း... မျက်နှာလေးဆီ မော့လိုက်လေတော့..
အလို.... ဘာတွေများ အလိုမကျ ဖြစ်နေရ
သည်မသိ..။ ကလေးက သူ့ကို စူးစူးရဲရဲကို
ကြည့်နေတာလေ...။

"ကလေး ဘာဖြစ်လို့လဲ... တခုခုတွေ့လို့လား.."

"ဟုတ်တယ်!! ဟုတ်တယ်!!"

သူမေးတာက အကောင်ပလောင် တခုခုလား
အထင်ဖြင့်...။ ဒါပေမဲ့... ကလေးက သူ့မျက်နှာ
ရှေ့ကပ်လာပြီး ....။

"ဒီမှာ... ဒီမှာ... ဒီမှာတွေ.... အဲ့ဒါဘာတွေလဲ.."

"အမ်.."

ကလေးက သူ့လည်ပင်းတွေ မေးရိုးတွေ ရင်ဘတ်တွေဆီက... နီရဲနေသော အကွက်
တွေဆီကို လက်ညိုးထိုးပြရင်း သူ့ရှေ့မှာ
ခေါင်းလေး မော့ကာမော့ကာဖြင့်....။ အာာ...
အခုမှပဲ သဘောပေါက်တော့တယ် ကလေးရယ်
တကယ်ပဲ .... ဘာများလဲလို့.. xD

ကလေးဆိုးလေး[COMPLETED]حيث تعيش القصص. اكتشف الآن