အပိုင်း(၈)

9.1K 551 41
                                    

"စာကောင်းကောင်းသင်နော် .."

"အင်းပါ ။"

"တခုခုလိုရင် အချိန်မရွေး Xing ကို ဖုန်းဆက်နော်။"

"အင်းဆို ..။"

"လွမ်းနေတော့မှာပဲ .."

"အဟိ ... ကျွန်တော်ရောပဲ .."

ကြားနေရတဲ့စကားတွေက မသိရင်ခရီးဝေးဝေး
လံလံ သွားတော့မှာမို့မှာနေတဲ့အတိုင်း ။ တကယ်တော့ မဟုတ်ပါဘူးလို့ ။ ကုမ္ပဏီသွား
တော့မယ့်သူက သူ့အသဲကျော်လေးကို ကျောင်း
လိုက်ပို့ရင်း ကျောင်းရှေ့ကားနားတွင် အလွမ်း
သယ်နေကြတာလေးပါ .. ။

Xing က သူ့ကလေးရဲ့Uniform က necktie လေးကို ပုံစံကျအောင်ပြင်ပေးနေတာကို ကလေး
လေးက လက်လေးနှစ်ဖက် ဘေးကိုဆန့်ကာ
ခြေဖျားလေးပါ အသာထောက်ရင်း ငြိမ်ခံနေ
လေသည်။

"Xing ကိုလည်း လုပ်ပေးမယ် ။"

ပီးတော့ ကလေးလေးက သူ့ရဲ့ နက်ခ်တိုင် ကိုပါပြန်ပြင်ပေးနေပြန်သည် ။ သူကတော့
ကလေးလေးရဲ့မျက်နှာလေးကို ငုံ့မိုးကြည့်နေ
ရင်းသာ ... ခါတိုင်းလိုပင် အသားမကျနိုင်သေး
သည့် ကလေးဆိုးလေးမပါသည့် လုပ်ငန်းခွင်
ကို ခြောက်သွေ့စွာ ဖြတ်သန်းရမည်ကို မကျေ
မချမ်းဖြစ်မိသည် ။

"နေ့ရက်တိုင်းက စနေ ၊ တနင်္ဂနွေ ချည်းဖြစ်နေ ရင်ဘယ်လောက်တောင် ကောင်းလိုက်မလဲ
နော် ။"

"ဟွန့် ! CEO ကျိ ။ အကျင့်တေပျက်နေပီလား?
ကျွန်တော်အနားမရှိတာကို မနေတတ်တော့
ဘူးမလား ??"

ကျေနပ်နေတဲ့ လေသံလေးနဲ့ကောင်လေးကို
မြတ်နိုးစွာ နှာခေါင်းထိပ်ဖျားလေးကို ငုံ့နမ်း
လိုက်မိသည် ။

"ဟုတ်တယ် .... ကလေး အနားမရှိရင် ကိုယ်တကယ်မနေတတ်တော့လို့ ဘယ်လို
လုပ်ရမလဲ ?? ဟင် ???"

"တေလေ !!!"

"borr !! ဒီကလေးတော့ .. နေဦး"

နောက်ကိုအတင်းဆုတ်သွားတဲ့ ကလေးလေး
ကို အသဲအသန်လိုက်ဆွဲကာ ရင်ဘတ်ချင်း
ထိကပ်ထားလိုက်မိသည်။

"စတာာ !!! ချစ်လို့စတာလေ ... ဟီးး"

သွားလေးဖြီးပြီး မျက်နှာချိုသွေးပြနေတော့
ဒီကအရည်ပျော်ပြန်တယ်လေ ။ နှာခေါင်းဖျား
လေးကိုပဲ သွားလေးနှင့် အသာကိုက်ပေး လိုက်မိပြန်သည်။

ကလေးဆိုးလေး[COMPLETED]Où les histoires vivent. Découvrez maintenant