တီ...တီ..
အသံနှင့်အတူ... ရှုံ့တွထားသော မျက်ခုံးကြော
တို့ ပြန်လည်ပြေလျော့သွားကြသည်....။ မျက်
နှာပေါ်ကျရောက်နေသော.. မှန်နံရံတွေဆီမှ တ
ဆင့် ထိုးဖောက်ဝင်ရောက်လာသည့် နေရောင်
အား.... ခန်းဆီးလိုက်ကာတို့ဖြင့် ကာကွယ်ပေး
လိုက်သည်ကို...။"xing .. နိုးနေတာ ကြာပြီလား....?
"အင်း..."
Xing က remote အသေးစားလေးကို ဘေးက
စားပွဲပေါ် ပြန်တင်ထားလိုက်ရင်းမှ သူ့ဘက်
လှည့်ကြည့်လာကာ ခေါင်းငြိမ့်ရင်း ဖြေလေသည်။ Xing အရင်နေ့တွေကထက် စာရင် မျက်နှာလေး လန်းလာသလားလို့....။"နာနေသေးလား....."
သူ့လက်မောင်းတဖက်ပေါ် ခေါင်းလေးမှေးတင်
ထားသည့် မျက်နှာလေးဆီ တိုးကပ်လာရင်း မေး
လိုက်တဲ့ စကားသံတွေနောက်မှာ.... အရိပ်တခု
ကပ်ပါနေသလို...။ ခါတိုင်းနေ့တွေမှာတော့ သူ့
ကို စူဆောင့်ကာ စိတ်လုပ်နေဖို့ ဖြစ်နိုင်ခြေ များ
ကောင်းများပေမဲ့လို့.... အခုတော့ မျက်နှာလေး
ကို ကုတင်ခြေရင်း နံရံပေါ်က ပန်းချီကားချပ်
ဆီ မူထားမိရင်း.... ခေါင်းခါပြလိုက်မိသည်။"ရပါတယ်... ကျွန်တော် အဆင်ပြေတယ်.."
"တကယ်...."
"အင်း...."
ဖြေပြီးပြီးချင်းပဲ ဖြတ်ခနဲဆို xing မျက်နှာအား
မော့ကြည့်လိုက်မိတယ်....။ ထူးခြားနေသော
တစုံတခုဟာ xing နှုတ်ခမ်းတွေပေါ် တွဲလွဲခို
နေသော အပြုံးနုနုတွေ....။ ကျွန်တော် မနက်
လင်းတိုင်း ငိုမိရအောင်.. ဖန်တီးပေးနေသလား
xing...."ဒီနေ့ဘယ်သွားမလဲ...?"
"Xing ဘယ်သွားချင်လဲ ပြောလေ...."
အိုးး သူပြုံးပြန်ပြီ...။ ဒီအပြုံးတွေကို မမြင်ရတာ
ရက်အတော်ကြာနေခဲ့ပြီဆိုပေမဲ့ သူ့အတွက်က
တရက်ကိုပင် တသက်လို....။ လွမ်းမောခဲ့ရသော
အပြုံးတွေကို ဖမ်းဆည်း သိမ်းဆည်းထားချင်
ပါရဲ့.....။"အဲ့ဒါဆို.. ရေသွားကူးရအောင်လေ...."
"ဟင်..... ဟာာ!! အန္တာရာယ်များတယ်.."
"စိုးရိမ်လို့လား ကလေးက...."
"စိုးရိမ်တာပေါ့..... ရေနဲ့ကြာကြာ ထိတွေ့နေတာ
လည်း မကောင်းဘူးလေ.."