အပိုင်း(၂)

14.4K 774 25
                                    

"Annyeong ... ကောင်လေး .."

"Annyeonhasayo .. "

ဖြစ်နိုင်ရင် အညိုဖျော့ဖျော့ ဆံပင်လေးတွေ
ကိုပါ ဖွရင်း ပြောချင်မိခဲ့တဲ့ နှုတ်ဆတ်စကား
ကို တဖက်က ကောင်လေးက လူကြီးလေးလို
အခန့်သားစတိုင်လ်ဖြင့် ခပ်တည်တည်ပင် ပြန်
နှုတ်ဆတ်လာတော့ YiXing ရီချင်လာမိသည် ။
ကြည့်ပါဦးး အနောက်တိုင်းဝတ်စုံကို အပြည့်
အစုံဝတ်လာပြီး လက်ကလေးနှစ်ဖက်ယှက်
ထားပုံလေးက တကယ့်ကို တည်တည်ငြိမ်ငြိမ်
လေး ။ ဒါကို ထိုကောင်လေးအကြောင်း နယ်န
ယ် ရရသာ သိခဲ့ရင် YiXing ထိုသို့ တွေးမိမည်
မဟုတ်ပါဘူးလေ ။

"နာမည် ဘယ်လိုခေါ်လဲ ? "

"Kim JunMyeon လို့ ခေါ်ပါတယ် ခင်ဗျ ။ "

ဟက် ။ ပုံစံလေးနဲ့မလိုက်အောင် ယဉ်ကျေးပြ
နေတဲ့ ပုပုလုံးလုံးကောင်လေးကို YiXing အသဲ
ယားစွာ ဆွဲဆောင့်ချင်စိတ်များပင် ပေါက်လာခဲ့
သေးသည် ။ သူ့စိတ်ကူးတွေ ရုန်းရင်းဆန်ခတ် ဖြစ်နေပုံကို သဘောကျနေမှုကြောင့် ရယ်ချင် စိတ်ဖြစ်လာခြင်းကိုပင် ထိန်းချုပ်ထားမိတော့ ပြုံးစိစိဖြစ်နေမိသည့် မျက်နှာကြောင့် Jun Myeon အနားမှာ ရပ်နေသော လူကြီးကပင် ချောင်းဟန့်နေလေပြီ ။

"အာာ Uncle Kim .. သားအချောအလှလေး
ကို ပွဲထုတ်လာတာလား ? "

"အမလေးကွာ အဲဒါ မနည်းပါအောင် ခေါ်လာ
ရတာပါ .. ဒီကောင်က လူရှုပ်ရှုပ်ဆို သိပ်သ
ဘောကျချင်တာ မဟုတ်ဘူး ။ "

JunMyeon အဖေရဲ့စကားကြောင့်ရော အခု
Jun Myeon ပုံစံလေးကြောင့်ပါ YiXing ထို
ကလေးကို တကယ့်ကို တည်ငြိမ်သူ မာနခဲလေး
များ ဖြစ်နေမလားဟု တွေးမိလိုက်သေးသည် ။

JunMyeon တို့အဖေ သူဌေးကြီး Kim
Myeon Shin ၏ PALACE .. Hotel
နဲ့ခရီးသွားလုပ်ငန်းရဲ့ ၂၆နှစ်ပြည့် အခမ်း အနားပွဲကို စီးပွားဖက် အဖြစ် ရင်းနှီးနေကြ ပြီးဖြစ်သော YiXing က ပွဲတတ်လာသူ
တဦး ။ ဒီပွဲရဲ့သက်ဆိုင်သူဖြစ်သော သူဌေး
Kim အားသွားရောက်နှုတ်ဆတ်ရင်းမှာ အမှတ်
မထင်တွေ့လိုက်ရတာက ဘေးနားမှာ ပျော်နေ
လှသည် မဟုတ်သော်လည်း ပွဲကို စိတ်ပါလက်
ပါ ပါဝင်ပေးနေသော အသားဖြူဖြူ မျက်လုံး
ဝိုင်းဝိုင်းနဲ့ ဆံပင်ခပ်အုပ်အုပ်လေးက နဖူးပေါ်
ဘေးတစောင်းလေး ဝဲကျနေသော မျက်နှာနုနု
လေး ရဲ့ပိုင်ရှင် JunMyeon ။ YiXing ထင်
သည် .. သူထိုအချိန်ကတည်းက ထိုကောင်
လေးကို အသဲယားနေခဲ့မိတာ ... ။

ကလေးဆိုးလေး[COMPLETED]Wo Geschichten leben. Entdecke jetzt