အပိုင်း(၁၅)

7.7K 498 48
                                    

ကားဘီးလေးကို အသာလိမ့်ရင်း ... သူ့အရပ်
ပုတတ်တတ်လေးနက် ချစ်စရာကောင်းအောင်
ဘောက်ဆတ်ဘောက်ဆတ် သွားနေသော
ကလေးလေးကို .... ရင်ဘတ်ထဲ ပိုးအမျိုးပေါင်း
တစ်သန်းလောက် ဝင်ကိုက်နေသည်ထင်ရသည့်
ဖီလင်ဖြင့် လိုက်ကြည့်နေမိသည်.....။

ကလေးရယ် ... ကိုယ့်ကို စိတ်ကောက်တာလည်း
စိတ်ကောက်တာပေါ့ .... အခုလို လမ်းလျှောက်
နေရတာကြီးကျ ကလေးခြေထောက်တွေ
နာနေမှာ ......။ ကလေးရာာ တကယ် ပြောမရ
ဆိုမရလေး။

သက်ပြင်းဖွဖွချရင်း .... ကလေးစိတ်ပြေနိုင်မည့်
နည်းကို တွေးတောကာ ပလက်ဖောင်းတဖက်
ပေါ်က ကလေးလေးကို မျက်ခြေမပြတ်စေရန်
လည်း အလုပ်ပေးရသေးသည် .....။

"Xing .. ဒီနေ့ မော်တော်ဘုတ်သွားစီးရအောင်"

ဒီမနက် မိုးလင်းတော့ ကောက်ခါငင်ခါ ထပြော
လိုက်တဲ့ ကလေးစကားကြောင့် ... ကလေးကို
မျက်လုံးပြူးပြီးတောင် ပြန်မေးမိသေး။

"ကျောင်းသွားရမယ်မဟုတ်လား ကလေးရဲ့ ...
xing လည်း Company သွားရမယ်လေ"

သူ့စကားကို ကလေးက မျက်ခုံးလေးတွေရှုံ့ရင်း
နှုတ်ခမ်းလေး စူပြရင်း ....။ ကျောင်းကစာမေးပွဲ
တွေ နီးပြီမို့ ...ဘယ်သူမှတောင်သိပ်တတ်ကြ
တော့တာမဟုတ်ဘူး .. သင်ရိုးတွေလည်း ကုန်နေပြီ။ ဘာဖြစ်တယ် ...ညာဖြစ်တယ် အထွန့်လေး တတ်ရင်း လက်မောင်းတဖက်ကို
အတင်းခါရမ်းကာာ ကပ်ချွဲနေလေတော့တာ။

ဒါပေမဲ့လည်း .... ကလေးကို လွမ်းတဲ့စိတ်တွေ
နဲ့ အလုပ်ထဲ စိတ်မပါခင်တုန်းက ပျက်ကွက်
ခဲ့မှုတွေကို ဒီကလေးနားလည်အောင် ဘယ်လို
ရှင်းပြရပါ့မလဲရယ် ... ဟူး ခက်နေတော့တာပဲ ...
ဒီနေ့ Company ကလည်း အရေးကြီးတဲ့ အစည်းအဝေးပါ ရှိနေပြန် ....

"လိုက်မပို့ဘူးလား ??"

အသံမာမာလေးနဲ့မေးလာတဲ့ ကလေးကို
ချော့မော့ပြောဖို့ စကားစရှာနေတုန်းရှိသေး...
ကလေးဟာ ဆတ်ခနဲဆို လွယ်အိတ်ကောက်ဆွဲ
ကာ ကျောင်းသွားဖို့ ပြင်နေလေတော့သည်...

"ကလေး ... ကိုယ်ပြောတာနားထောင်ပါဦး....
ကိုယ်က လိုက်မပို့ချင်လို့မဟုတ်တာာ ကလေး
လည်း သိရဲ့သားပဲ .... ကလေးရယ် မဆိုးပါ ..."

ကလေးဆိုးလေး[COMPLETED]Место, где живут истории. Откройте их для себя