အပိုင်း(၅)

10K 636 27
                                    

Bus ကားပေါ်ရောက်တော့ လူရှင်းတဲ့ နောက်ဆုံး ခုံတန်းလေးဆီပဲ သွားထိုင်
လိုက်ကြတယ် ။ JunMyeon က Xing
လက်မောင်းတွေကို ပက်ကျိလိုအတင်းတွယ်ရင်း
ပခုံးတေပေါ်လည်းအသေမှီကာ ဇိမ်ကျနေတာ ပေါ့ ။ Xing ကတော့ သူ့ကလေးကို သဘော တကျကြည့်ကာ ခေါင်းကဆံစလေးတေကို ဖွပေးရင်းပြုံးသာနေနေတယ် .. ။

"ဟိုကျရင် အဘိုးကြီးတို့ အဘွားကြီးတို့ .. အာ့
လိုတွေ သွားမခေါ်ရပူးနော် .."

"အဟင့် ဒါမဲ့လည်း နှုတ်ကျိုးနေတဲ့ဟာကို .."

ခက်တယ် .. ဒီကလေးကိုသင်ရကြားရတာ
လည်းလေ .... >< Junmyeon က Xing
ရဲ့အဖေနဲ့အမေကို အဖေအမေမခေါ်နိုင်သေးဘဲ တွေ့တာနဲ့ အဘိုးကြီးအဘွားကြီးပဲ လုပ်နေတတ်
တာလေ ... ။ Xing မိဘတွေက Xing ကို
အသက်ကြီးမှ မွေးခဲ့ရတာကြောင့်ရော Jun Myeon အရွယ်နဲ့ဆို သူ့အတွက် အဘိုးအဘွား
ခေါ်ချင်စရာကလည်း ဖြစ်နေတာကိုး ..။

"သူတို့သမက်လေးက ခုချိန်ထိ အဖေအမေ မခေါ်နိုင်သေးတာသိရင် ... ကဲ ဟိုကကြားတော့ စိတ်မကောင်းဖြစ်နေမှာပေါ့ .."

"ဟာာ သိပူးဗျာ ကျွန်တော်မှမခေါ်တတ်တဲ့
ဟာ .. အဟင့် .."

"ကျင့်ခေါ်ကြည့်လေ ... ရောက်တုန်းရောက်ခိုက်
လေးဟာကို ... ကလေးကလိမ်မာပါတယ် ..
ဟိုရောက်ရင် စတော်ဘယ်ရီခင်းထဲ လိုက်ပို့
မယ်လေ .. နော် .."

"ဟွန့် ပီးတာပဲ .. ကျွန်တော် ကြိုးစားကြည့်တာ
ပေါ့လေ ဟင်းးးး .."

အဟဲ ... အကြီးအကျယ် စတိုင်လ်ဖမ်းပြလိုက်
တယ် ။ Xing ကတော့ ကျေနပ်သွားတဲ့ပုံပါပဲ ။
တကယ်က သူလိုက်ပို့မယ်မပြောလဲ စိုက်ခင်း
တွေဘက် မရောက်ရောက်အောင် သွားဖို့ စိတ်ကူးပြီးသားဟာ ... ဟိ .. အခုသူ့ခွင့်ပြု
ချက်လေးနက်ဆိုတော့ ပိုကဲလို့ရတာပေါ့လေ
တကယ်တော့ ဒါလိုချင်တာာ ဟက်ဟက် :')

ဒီတခေါက် ပိတ်ရက်ကိုတော့ အရင်လို ဆိုးလ်
မြို့ကိုပဲ ခြေရာထပ်အောင် ပတ်မနေတော့ဘဲ
မြို့ရဲ့အနောက်ဘက် ခပ်လှမ်းလှမ်းမှာရှိတဲ့
Xing မိဘတွေနေတဲ့နေရာပဲ သွားကြတယ် .. ။
ခဏခဏရောက်ဖူးတာတောင် ငြီးငွေ့ချင်စရာ
တစိုးတစိမရှိတဲ့နေရာလေး ... မြို့နဲ့အနည်းငယ်
အလှမ်းဝေးပေမယ့် အေးချမ်းပြီး စိမ်းစိုတဲ့နေရာ
လေးလေ ... ဒါတွေကိုနှစ်သက်လို့ပဲ Xing ဖေဖေနဲ့မေမေက ဆိုးလ်မှာမနေပဲအဲ့ကိုပြောင်း နေကြတာ ထင်ပါတယ် .. ။

ကလေးဆိုးလေး[COMPLETED]Nơi câu chuyện tồn tại. Hãy khám phá bây giờ