Chapter-2[Behind]

2.3K 284 6
                                    

"မနက်9နာရီမှာ…ဆိုင်အသစ်ဖွင့်ပွဲသွားရပါမယ်…
နေ့ လည် 1နာရီမှာ ဝန်ထမ်းအသစ်တွေနဲ့တွေ့ဆုံဖို့ ရှိပါတယ်…
ည6နာရီမှာ Kim groupရဲ့ ဒုတိယသား birthday partyကို သွားရပါမယ်"

          အမြင့်အထပ်30ရှိ companyရဲ့ အပေါ်ဆုံးထပ်မှာရှိတဲ့ အလုပ်ခန်းဆီ ဓာတ်လှေကားစီးသွားရင်း အတွင်းရေးမှူးဆီက မနက်ဖြန်အတွက် အချိန်စာရင်းကို နားထောင်ရတာလည်း စိတ်ညစ်စရာတွေထဲက တစ်ခု…နားမထောင်လို့ ကလည်း မဖြစ်…ဒီအချိန်မှ နားမထောင်ရင်လည်း
ပြန်နားထောင်ဖို့ အချိန်က ရှိချင်မှ ရှိတော့မှာ…

#Ting

          ဓာတ်လှေကားတံခါးပွင့်သွားတော့ အသင့်ရှိနေတဲ့ ဧည့်ကြိုမိန်းကလေးတစ်ယောက်က အရိုအသေပေးကာ နှုတ်ဆက်တယ်…

        ကတ္တီပါ ကော်ဇောအနက် အပြည့်ခင်းထားတဲ့ လမ်းအတိုင်း
လျှောက်သွားရင်း နောက်ဆုံးတော့ ကျနော့်ရဲ့အလုပ်ခန်းရှိရာကို ရောက်လာတယ်…အရပ်သုံးစကားနဲ့ဆိုရင်တော့ ရုံးခန်းပေါ့…
နောက်တစ်မျိုးနဲ့ပြောရရင်တော့ ကျနော့်ရဲ့အချိန်အများစု
ကုန်ဆုံးရာနေရာ…တစ်နေ့ တာရဲ့အချိန်တွေကို များသောအားဖြင့် ဒီနေရာမှာပဲ ကုန်ဆုံးရသည်လေ…

        လည်ပင်းက နက်ခ်တိုင်ကို အနည်းငယ်ဖြေလျှော့ရင်း
စုံလည် ကုလားထိုင်ပေါ်မှာ လျော့ရဲစွှာ ထိုင်လိုက်မိတယ်…ကုလားထိုင်ကို အနောက်က ပြတင်းပေါက်ရှိရာဆီ လှည့်လိုက်တော့ လမ်းမကြီးပေါ်မှာ သွားနေတဲ့ ကားတွေရဲ့မီးရောင်တွေ…
အိမ်တွေဆိုင်ခန်းတွေဆီက ရောင်စုံမီးတွေကို
အထက်စီးကနေ အကုန်မြင်နေရသည်…ဟန်မြစ်ကို ဖြတ်ပြီး
တည်ရှိနေတဲ့ ရောင်စုံမီးတွေနဲ့ ထိန်လင်းနေတဲ့
တံတားကလည်း ဟန်မြစ်ရဲ့လှပမှုကိုပိုမိုထောက်ပံ့ပေးနေသယောင်…

#ဒေါက် ဒေါက် ဒေါက်

"ဝင်ခဲ့"

        အတွင်းရေးမှူးက အခန်းထဲကို ခပ်သုတ်သုတ်ဝင်လာတယ်…

"Fire groupက ဥက္ကဌPark …car accidentဖြစ်လို့ 
ဆေးရုံတက်နေရပါတယ်…မနက်ဖြန် သွားမယ့် အစီအစဉ်တွေထဲမှာ သတင်းသွားမေးဖို့ ကိုရော ထည့်လိုက်ရမလား?"

Birth of RegretWhere stories live. Discover now