"ခင်ဗျား ဘာလုပ်တာလဲ?"
#ဝုန်း!
"အားးး"
အဖြစ်အပျက်တွေက မြန်ဆန်လွန်းလှသည်…Kris Wuရဲ့လက်ကို ဆုပ်ကိုင်ပြီး နွေးအောင် အာငွေ့ပေးနေတုန်း နဖူးပေါ်ရောက်လာသည့် အရာတစ်ခုကြောင့် Suho အားကုန်သုံးပြီး Kris Wuကို တွန်းထုတ်လိုက်သည်…Kris ကတော့ ကံဆိုးစွာ တံခါးလက်ကိုင်ဘုနှင့် ခေါင်း မိတ်ဆက်သွားတော့သည်...
"hunnn…ဘာဖြစ်ကြတာလဲ?"
"ဘာ…ဘာမှမဖြစ်ပါဘူး.…ပြန်အိပ်ပါ"
"အော်…အေး…အေး"
အိပ်ချင်မူးတူးနဲ့ထလာတော့ ဦးလေးကြီးကို Suhoက ပြန်အိပ်ဖို့ ပြောပြီးပြီးချင်းပင် ဦးလေးကြီးက အိပ်ပျော်သွားတော့သည်…
ဘယ်လောက်တောင် အိပ်ချင်နေလဲမသိ!"အား…ကျွတ်…ကျွတ်…အတိတ်တွေမေ့ကုန်ပြီထင်တယ်"
"အတိတ်မေ့တဲ့သူက ကိုယ့်ကိုကိုယ် အတိတ်မေ့ပြီလို့ ပြောမလား"
ပါးစပ်ကသာ ကန့် လန့် တိုက်ပြောနေ
သော်လည်း တကယ်တမ်းကျတော့ Suhoသည် Krisကိုဂရုစိုက်ပါသည်…
Kim Suhoဟူသည် ငယ်ငယ်တည်းက
မည်သူ့ ကိုမဆို သနားကြင်နာတတ်သူ ပင်!"တော်သေးတယ်!ခေါင်းမပေါက်သွားဘူး"
"အား!နာတယ်!ဖြည်းဖြည်းလုပ်"
အနွေးထည်ကို အာငွေ့ပေးပြီး ထိမိသည့် ဦးခေါင်းအနောက်ပိုင်းဆီ ကျပ်ထုပ်ထိုးပေးတော့
Krisဆီမှ အော်သံ ထွက်လာလေသည်…"ခင်ဗျားက အရင်လာလုပ်တာလေ!
ကိုယ်ဖြစ်ကိုယ်ခံပေါ့ ""အဲ…အဲဒါက…မင်း နဖူးပေါ်မှာ သစ်ရွက်ကပ်နေလို့ လေနဲ့မှုတ်ပြီး
ဖယ်ပေးမလို့ လုပ်တာ…အရှိန်လွန်သွားလို့ "အမှန်အတိုင်းဝန်ခံလိုက်ရင်
သူ့ ခံစားချက်တွေကို အသုံးချပြီးSuhoက
သူ့ ကို အနိုင်ယူသွားမည်ကို စိုးရိမ်သည်…"ဟတ်ချိုး!"
"ခင်ဗျား ဖျားနေပြီထင်တယ်"
Suhoပြောသည်မှာ အမှန်ပင်ဖြစ်သည်…
ထိုနေ့ ကတည်းက စဖျားသောအဖျားသည် Seoulကို ပြန်ရောက်သည့်တိုင်အောင်…
အကင်းမပျောက်သေး…အလုပ်များလျှင် ဆေးသောက်ဖို့ မေ့သွားတတ်သော Krisရဲ့အမှားကြောင့်လည်းပါသည်…