"မင်း Suho ကို ပြောပြလိုက်တာလား?"
ကျနော် MinHo ဆိုသူကို ကျောပေးရပ်ရင်း ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေသည်…ငေးကြည့်တယ်ဆိုတာ
ဥယျာဉ်မှာ အလုပ်လုပ်နေတဲ့ Suho ကို…
ကျနော့်နှလုံးသားဟာ
သူ့ ရှေ့ရောက်ရင်ဘာကြောင့်များ နူးညံ့မနေတော့တာလဲ?"သခင်လေး!ကျနော် မပြောပါဖူး…"
"မင်းမပြောဘဲ Suhoက ဘယ်လိုသိမလဲ?ဒီကိစ္စကိုသိတာ မင်းရယ်ငါရယ် Arjussiရယ်ပဲရှိတာ…မင်းကို နှုတ်ပိတ်ခအတွက် ပိုက်ဆံလည်းအလုံအလောက်ပေးထားပြီးသား
မဟုတ်လား?""ကျနော်ကျိန်ရဲပါတယ်သခင်လေးရယ်…ကျနော်တကယ်မပြောမိပါဖူး…"
"မင်းကို အလုပ်ထုတ်လိုက်ပြီ…
Choi MinHo…"ကျနော် စားပွဲပေါ်က ခလုတ်ကို နှိပ်လိုက်တော့ အခန်းထဲ လူနှစ်ယောက်ဝင်လာတယ်…
"သခင်လေး!ကျနော့်ကို အလုပ်မထုတ်ပါနဲ့နော်…သခင်လေး!"
"သူ့ ကို ခေါ်ထုတ်သွားတော့"
လူနှစ်ယောက်နဲ့ MinHo ရုန်းရင်းဆန်ခတ်ဖြစ်ရင်းနဲ့ပဲ အသံတွေက ဝေးသထက်ဝေးကာ အခန်းပြင်ဘက်ရောက်သွားတော့သည်…
ခဏကြာတော့ တံခါးဖွင့်သံကို ကြားရသည်…
ကျနော်သိလိုက်ပြီ…အခုဝင်လာသူဟာ အိမ်တော်ထန်းArjussi ဆိုတာကို…"လူလေး…ဒီကိစ္စကို Kim Suhoဆီ တိုက်ရိုက်မေးသင့်တယ်…"
".………"
"MinHoကတကယ်မသိတဲ့ပုံပဲ လူလေး…အလုပ်ကြိုးစားတဲ့လူတစ်ယောက်ကို
အလကားသက်သက် ဆုံးရှုံးရမှာ နှမြောစရာကြီးပါကွယ်…""ကျနော် သူ့ ကို အလုပ်ထုတ်ဖို့ ဆုံးဖြတ်ပြီးပြီ…"
ကျနော့်ဆုံးဖြတ်ချက် သေချာသည်ဟု ကျနော့်ကိုယ်ကျနော် ယုံကြည်သည်…ဒါပေမဲ့Arjussiပြောတဲ့
စကားတွေက ကျနော့်ယုံကြည်ချက်တွေကို လျော့နည်းစေခဲ့သည်…"Arjussiသိတဲ့ လူလေးဆိုတာ ဆုံးဖြတ်ချက်တစ်ခုကို အလွယ်တကူမချတတ်တဲ့သူ…အကြောင်းရင်းကို
သေချာမေးမြန်းစုံစမ်းပြီးမှ မျှတတဲ့အဖြေတစ်ခုကို ပေးတတ်တဲ့သူ…ခံစားချက်ကို ရှေ့တန်းမတင်ဘဲ ဦးနှောက်နဲ့ပဲဆုံးဖြတ်တတ်တဲ့သူ…အခုArjussiရှေ့မှာရှိနေတဲ့ လူလေးက အရင်လူလေးမဟုတ်တော့ဘူး…
ပြောင်းလဲသွားပြီ"