Chapter-3[Be gentle]

2.1K 259 11
                                    

"အကြည့်တောင် မလွှဲနိုင်တော့ပါလား?Kris ရာ"

       သူ့ စကားကြောင့် ကျနော် လိုက်ကာစကို ပြန်ချပြီး ပြတင်းပေါက်ကို ခပ်လျော့လျော့မှီရင်း လက်ပိုက်ထားလိုက်တယ်…

"မင်းဘာလာလုပ်တာလဲ?"

"လာ…အောက်ဆင်းရအောင်…ခြံထဲဆင်းပြီး
နည်းနည်းပါးပါးဝင်ရောလေကွာ"

          Kaiက ကျနော့် ကို အတင်းဆွဲကာ ခြံထဲကိုခေါ်သွားတယ်…အိမ်အပြင်ထွက်လိုက်တာနဲ့ခြံထဲကအလုပ်သမားအားလုံးက ကျနော့်ကိုအံ့အားသင့်စွာကြည့်နေကြတယ်.…ဟုတ်တယ်လေ…ကျနော်ကဒီလို ခြံအကျယ်ကြီးပိုင်ထားပေမဲ့
တော်ရုံတန်ရုံ ခြံထဲဆင်းတဲ့လူမှ မဟုတ်တာ…

"ဟိုမှာ…စကားသွားပြောလိုက်…သွား"

          Kaiက ကျနော့်အနောက်ကနေ အတင်းတွန်းလိုက်တာကြောင့် ဟန်ချက်ပျက်သလို ဖြစ်သွားပေမဲ့
Suho ရှေ့မှာတော့ cool guy စတိုင်ဖြစ်အောင် ကျနော် ပြန်ထိန်းနိုင်လိုက်သည်…

"မင်္ဂလာပါ …သခင်လေး…"

         ဥယျာဉ်မှူးလို့ ထင်ရသော မိန်းကလေးလို မျက်နှာကို ပိုင်ဆိုင်ထားသူက ကျနော့်ကို လာနှုတ်ဆက်တော့ တစ်ခြားသူတွေပါ သူ့ နောက်ကနေ လာပြီး နှုတ်ဆက်ကြတယ်…
Suho ဆိုတဲ့သူလည်း အပါအဝင်ပေါ့…
ကျနော်က ဒီအိမ်နဲ့ခြံကို ပိုင်တယ်သာပြောတာ အလုပ်သမားတွေနာမည်တောင်သိတာမဟုတ်ဘူး…
အိမ်ကကိစ္စတွေ အလုပ်သမားခန့် တာတွေ ဖြုတ်တာတွေ… အကုန်လုံးကို အိမ်တော်ထိန်းဖြစ်တဲ့ arjushiကပဲ တာဝန်ယူထားတယ်…Suho ဆိုတဲ့သူကတော့ ခြွင်းချက်အနေနဲ့…
ကျနော့်ရဲ့အမိန့် အရပထမဆုံးခန့် အပ်ခံထားရသူ ဖြစ်လာသည်လေ…

"ဒီပန်းအိုးကို ဘယ်သူဒီနားမှာလာထားထားတာလဲ?"

          ရှေ့မလှမ်းမကမ်းမှာရှိတဲ့ ပန်းအိုးဆီ အကုန်လုံးရဲ့အကြည့်တွေက ရောက်သွားတယ်…

"ကျနော်ပါ"

      လက်ကလေးထောင်ပြီးပြောလာတဲ့သူ…ကျနော်သိတာပေါ့…
အဲ့ပန်းအိုးက သူရွှေ့ထားတယ်ဆိုတာ…ခုနက အပေါ်က ကြည့်တုန်းက မြင်ထားပြီးသား…

"ဘာလို့ လမ်းလယ်ခေါင်မှာ ပန်းအိုးကို ချထားတာလဲ?"

"ကျနော် ပြန်ရွှေ့လိုက်ပါ့မယ်"

Birth of RegretDonde viven las historias. Descúbrelo ahora