Chapter-7[Bloom]

2K 244 12
                                    


"ဟိုတယ်ကို ထပ်တိုးချဲ့နေတာက  အနောက်ဘက်ပိုင်းက ပြီးနေပါပြီ…ဥက္ကဌWu"

"မကြာခင် ခရီးသွားရာသီရောက်တော့မှာဆိုတော့ အဲဒီမတိုင်ခင် သေသေသပ်သပ်နဲ့စနစ်တကျ
ပြီးအောင်လုပ်ထားပါ…"

"ဟုတ်ကဲ့ပါ…"

        ပင်လယ်ကမ်းခြေအနားက Wu လုပ်ငန်းစုပိုင်ဟိုတယ်ရဲ့ အကြီးအကဲဖြစ်သူကို မှာစရာရှိတာမှာပြီး အပြင်ထွက်လာတော့ Suho က ခုံတန်း တစ်ခုမှာထိုင်လျက် တစ်စုံတစ်ရာကို ငေးကြည့်နေသည်…Suhoရဲ့ အားကျနေတဲ့မျက်ဝန်းတစ်စုံ တည်နေရာကို Krisလှမ်းကြည့်လိုက်တော့ ပင်လယ်ပြင်မှာ မောင်းနေတဲ့ လှေတစ်စင်း…

"လှေတစ်စင်းသွားငှားလိုက်…"

        ပိုက်ဆံအိတ်ထဲက အရွက်ကြီးတစ်ရွက်ကို ထုတ်ပေးပြီး ခိုင်းလိုက်တော့ ဟိုတယ်က ဝန်ထမ်းကောင်လေးက
သုတ်သုတ် သုတ်သုတ်နဲ့ လှေဆိပ်ဆီ သွားလေသည်…Krisသည်လည်း ဘောင်းဘီအိတ်ထဲလက်ထည့်လျက် Suho ရှိရာဆီ လျှောက်သွားလေသည်…

"ထ…လှေသွားစီးမယ်"

       သူပြောလိုက်တော့ Suhoက မျက်လုံးလေးကလယ်ကလယ်နဲ့မော့ကြည့်လာ
သည်…

"ထလေ…ဘာလုပ်နေတာလဲ?"

     သူ ထပ်ပြောလိုက်တော့ ထိုကောင်လေးက
ကပျာကယာနဲ့ထလာသည်…
လှေဆိပ်မှာတော့ ခုနက ဝန်ထမ်းကောင်လေး
ငှားပေးထားတဲ့ လှေတစ်စင်းက အဆင်သင့်ရှိနေသည်…
Krisက လှေဘောင်ပေါ်ကို နင်းပြီး လှေထဲရောက်ပြီးသည့်တိုင်အောင် Suhoက လှေဆိပ်မှာပင် တုတ်တုတ်မလှုပ်ဘဲရပ်နေလေသည်…
သူ့ ကြည့်ရတာ လှိုင်းပုတ်တာကြောင့် လှုပ်နေတဲ့လှေထဲကို မဆင်းရဲတာဖြစ်လိမ့်မည်…
လှေကလည်းစီးချင်သေး…လှေထဲလည်း မဝင်ရဲဖြစ်နေတဲ့ Suhoကို ကြည့်ပြီး မျက်နှာကို လက်နဲ့ကွယ်ကာ Krisတစ်ချက်ပြုံးလိုက်မိသည်…

"ဒါလေးတောင် မလုပ်ရဲဘူးလား"

        လှေဘောင်ကို ကြည့်နေရင်း မျက်စိရှေ့ရောက်လာတဲ့ ကြီးမားတဲ့လက်ရှည်ရှည်သွယ်သွယ်တစ်စုံကြောင့် Suhoမော့ကြည့်မိသည်…လက်ပိုင်ရှင်က
မထင်ထားတဲ့Kris Wu …

"ရပါတယ်…ကျနော်……"

"tsk!မင်းကို စောင့်နေတာနဲ့ နေဝင်သွားတော့မှာပဲ"

Birth of RegretTempat cerita menjadi hidup. Temukan sekarang