Chapter-11[Bye]

1.8K 225 13
                                    

3Days Left to KILL Kris Wu

"ဆေးတွေ ထပ်ပေးခဲ့မယ်…ဆေးကို
ပုံမှန်သောက်ပေးရင်တော့ ရောဂါအခြေအနေကို ထိန်းထားနိုင်ပါတယ် "

"nae…"

"ဒါဆို သွားလိုက်ပါဦးမယ်…"

   Arjuushiက ဆရာဝန်၏လက်ဆွဲအိတ်ကို ကိုင်ကာ လိုက်ပို့ ပေးတော့ အခန်းထဲကျန်ခဲ့သူမှာ…Krisနဲ့Kai

"ဆေးရုံမှာ နေ့ ခင်းဘက်
သွားစစ်တာမဟုတ်ဘူး…အခုက အိမ်မှာဆိုတော့ ဆေးရုံလောက် ဘယ်ကောင်းမလဲကွ…ဆရာဝန်ကို ညကြီးမိုးချုပ်ခေါ်ရတာလည်း အားနာစရာကြီး"

"နေ့ လည်ဘက်ကြီး ဆေးရုံသွားရင် Suhoသိသွားလိမ့်မယ်…"

"အခုမသိလည်း နောင်သိရမှာပဲလေ…"

"ဟင့်အင်း…သူမသိစေရဘူး…"

       Krisသည် ပြတင်းပေါက် အပြင်ဘက်က လမင်းကြီးကို တွေတွေငေးကြည့်နေသည်…
Kaiကတော့ သက်ပြင်းချရုံလွဲ၍ မတတ်နိုင်…
အစာအိမ်ကင်ဆာအဆင့်(3)ရောဂါသည်က
ကိုယ့်ရောဂါအခြေအနေထက် တစ်ခြားလူကို စိတ်ပူတတ်သေးတာပဲလား?

~~~

1Day Left to KILL Kris Wu
    
       ည၏ကောင်းကင်သည် မီးရှူးမီးပန်းများဖြင့်
လှပလျက်ရှိသည်…
အချိန်သည် ည8နာရီ…
Happy New Yearဟူသော စာတန်းကို ချိတ်ဆွဲထားကာ KrisWuအိမ်တော်တွင်လည်း
New Year Partyကို ကျင်းပနေသည်…
စီးပွားရေးနယ်ပယ်မှ လုပ်ငန်းရှင်များစွာ လာရောက်သောကြောင့် ခြံထဲရှိ အလုပ်သမားများအားလုံး အလုပ်ရှုပ်နေကြသည်…

"Suho…သခင်လေးဆီ ဝိုင်သွားပေးလိုက်ပါဦး…"

"nae"

       Krisက ပါတီပွဲကို စီစဉ်သူဖြစ်သော်လည်း အခုထိ ဧည့်သည်များကို လာနှုတ်မဆက်ဘဲ အိပ်ခန်းထဲမှာသာ နေသည်…
အဒေါ်ကြီးက ဧည့်သည်တွေအတွက်
စားဖို့ သောက်ဖို့  ပြင်ဆင်နေရတာနဲ့ အလုပ်ရှုပ်နေတာကြောင့် Suhoပဲ ဝိုင်ခွက်နဲ့ ဝိုင်ပုလင်းကိုယူကာ အပေါ်ထပ်အိပ်ခန်းဆီ တက်လာခဲ့သည်…

ဒီညသည် Suhoအတွက်လည်း အလွန်အရေးကြီးသောညဖြစ်သည်…
မနက်ဖြန်ည12နာရီဆိုလျှင် Davidပြောထားသော ရက်ချိန်းပြည့်ပြီဖြစ်သည်…သူ Krisကို မသတ်နိုင်လျှင် အမေ့ကို Davidက သတ်တော့မည်ဖြစ်သည်…
အပြင်လူတွေစုံသည့် ဒီညသည် သူ့ အတွက် အခွင့်ကောင်းပင်ဖြစ်သည်…ယခုညတွင်
အဆိပ်ခတ်လိုက်လျှင် တရားခံဘယ်သူမှန်းမသိဘဲ ကိစ္စက ပြီးသွားလိမ့်မည်…
အတွေးနဲ့သတ်တာကတော့ လွယ်တာပေါ့…ဒါပေမဲ့လက်တွေ့မှာတော့…

Birth of RegretWhere stories live. Discover now