Chapter-9[Bleak]

1.8K 219 10
                                    

20Days Left to KILL Kris Wu

"ကျနော် အခုလာနေပြီ…
စာရင်းဇယားတွေ အကုန်လုံးကို
အဆင်သင့်ပြင်ထားပါ…စောင့်မနေရစေနဲ့"

      ကားအနောက်ခန်းမှာ ခြေချိတ်ထိုင်လျက် မျက်နှာထားတင်းစွာ ဖုန်းပြောနေသော
Kris Wu ကို Suho နောက်ကြည့်မှန်ထဲကတစ်ဆင့်
လှမ်းကြည့်မိသည်…

သူသတ်ရမယ်ဆိုတဲ့လူက ဒီလိုလူမျိုး…
အလုပ်ချိန်ကို သတ်သတ်မှတ်မှတ်မထားဘဲ…
အလုပ်မပြီးရင် မပြီးသလို…
အိမ်ပြန်နောက်ကျတတ်သူ…
companyကို အစောကြီးလာပြီး အလုပ်ကြိုးစားတတ်သူ…
ဒီလို အလုပ်ကြိုးစားနေတဲ့လူတစ်ယောက်ကို
သူက သတ်ရမှာတဲ့…
Darkness လုပ်ငန်းစုဆိုတာကို…
Kris ဆီကနေ တစ်ခါနှစ်ခါတော့ ကြားဖူးနေသည်…
Wu လုပ်ငန်းစုနဲ့ Darkness လုပ်ငန်းစု
တို့ က တော်တော်လေးကို ပြိုင်ဆိုင်နေသည့် လုပ်ငန်းစုနှစ်စုဆိုတာတော့ Suhoလို companyအကြောင်းမသိနားမလည်သူ
တောင် အလွယ်တကူသိနိုင်ပါသည်…

"Suho…ရှေ့နားကျရင် လမ်းတစ်ခုတွေ့လိမ့်မယ်…အဲ့လမ်းထဲ ကွေ့လိုက်"

"nae"

      အခုရက်ပိုင်းSuhoတစ်ယောက် ပြောင်းလဲလာတာကို Kris သတိထားမိသည်…
သု့ အပေါ်အပြောအဆိုအမူအယာတွေက အရင်လို မဟုတ်ဘဲ အနည်းငယ်ယဉ်ကျေးလာသလို ရှိသည်…
အရင်ကထက်လည်း ပိုဂရုစိုက်လာတာမျိုး…
စိတ်ပူစိုးရိမ်လာပေးတာမျိုးလည်း ရှိသည်…
ဒါကလည်း သူ့ စိတ်ထင်အရ,သာ…
တကယ်ဟုတ်မဟုတ်ကတော့Kim Suhoရဲ့အတွင်းစိတ်ထဲ ဝင်ကြည့်မှပဲသိနိုင်မည်လေ…
ဘာပဲဖြစ်ဖြစ် ဒီ့အတွက်တော့ သူဝမ်းသာမိပါသည်…
နောက်ခြေလှမ်းတစ်လှမ်းကိုလည်း ဆက်လှမ်းနိုင်လိမ့်မည်ဟု သူ ယုံကြည်မိသည်…

      ယခု Kris နှင့် Suho…နယ်မြို့လေးတစ်မြို့
သို့ သွားနေကြခြင်းဖြစ်သည်…

     Krisပြောသည့်အတိုင်း ကားကို လမ်းထဲကွေ့ဝင်လိုက်သည်နှင့် ခပ်လှမ်းလှမ်းတွင် အဆင်သင့်စောင့်နေသော လူနည်းစုကို တွေ့ရလေသည်…

      Krisက ကားပေါ်က ဆင်းပြီးပြီးချင်းပင်
ထိုလူတွေနဲ့ စက်ရုံအသစ်ဆောက်မည့်ကိစ္စကို ဆွေးနွေးနေတာကြောင့် Suhoတစ်ယောက်တည်း ပျင်းရိစွာနဲ့ ဟိုနားဒီနားလျှောက်ကြည့်နေမိသည်…

Birth of RegretDove le storie prendono vita. Scoprilo ora