"သခင်လေး…Kim Suhoရောက်နေပါပြီ"
"ဝင်လာခိုင်းလိုက်"
Kris ပြတင်းပေါက်ကလိုက်ကာစကို အသာပြန်ချပြီး ထိုင်ခုံမှာ ခြေချိတ်ထိုင်ကာ နေလိုက်သည်…
တံခါးကို ဖွင့်ကာ ဝင်လာသောSuho…
မျက်နှာကိုကြည့်ရုံနဲ့ စိတ်ညစ်နေမှန်း သိသာနေသည်…အခုတလော အမေ့ရဲ့ကျန်းမာရေးက ပိုဆိုးလာသလို Kris Wuကလည်း သူ့ ကို ပိုစိတ်ညစ်အောင် လုပ်နေခဲ့သည်…"ခဏနေ ငါcompanyသွားတော့မှာ…
ကားအဆင်သင့်ပြင်ထားလိုက်""nae"
Suhoက အရိုအသေ ပေးပြီး အခန်းပြင်ထွက်သွားလေသည်…
Krisလည်း ရေချိုးအဝတ်အစားလဲပြီး အိမ်အပြင်ထွက်လာတော့ အိမ်ရှေ့မှာ
Suhoက ကားနဲ့အတူစောင့်နေသည်…
Krisက Suho ကို မျက်ခုံးတစ်ဖက်ပင့်ပြပေမဲ့ Suhoက ကြောင်တောင်တောင်နဲ့သူ့ ကို
ပြန်ကြည့်နေသည်…Suhoဘေးက Arjussiက ထိုအရာကို မြင်ပြီး Suho နား နားကပ်ကာ…"ကားတံခါးဖွင့်ပေးလေ"
"arr…nae"
Suhoက အခုမှ အဓိပ္ပာယ်ကို သဘောပေါက်ပြီး ကားတံခါးကို ဖွင့်ပေးမှKris က ကားပေါ်တက်သွားတော့သည်…
ခါတိုင်းမောင်းနေကျ ဒရိုင်ဘာကို တစ်ခြားနေရာမှာ အလုပ်ပြောင်းလုပ်ခိုင်းလိုက်
ပြီမို့  ဒရိုင်ဘာနေရာမှာလည်း Suhoက ဝင်ရတော့သည်…"Companyကို အရင်မောင်း"
ကားနောက်ခန်းကနေ အမိန့် ပေးလိုက်တဲ့
Krisကို နောက်ကြည့်မှန်ကတစ်ဆင့် Suhoလှမ်းကြည့်လိုက်သည်…Krisက စာရွက်စာတမ်းတစ်ချို့ကို ဟိုလှန်ဒီလှန်လုပ်နေ
သည်…မျက်ခုံး…မျက်လုံး…နှာခေါင်း…
နှုတ်ခမ်း…မေးရိုး…မျက်နှာ…အို!အားလုံးက
ယောက်ျားလေးချင်းကြည့်တာတောင် မနာလိုစရာ…ဒီလောက်ထိချောမောပြီး စည်းစိမ်ချမ်းသာတွေက ပြည့်စုံနေတာ…စိတ်ထားလေးသာ ကောင်းရင်
……အင်းလေ…လူဆိုတာက ပြီးပြည့်စုံတယ်လို့ 
မှ မရှိတာ…တစ်ခုမဟုတ် တစ်ခုကတော့ လစ်ဟာမှုရှိတာ သဘာဝပဲ…အရှေ့ကို ကြည့်လိုက်…Krisကို နောက်ကြည့်မှန်ကတစ်ဆင့် ကြည့်လိုက်နဲ့
တစ်ယောက်တည်းအလုပ်ရှုပ်နေတုန်း
Krisက ခေါင်းမော့လာပြီး နောက်ကြည့်မှန်ကို ကြည့်လိုက်တော့ Kim Suho
တို့ အကြည့်တွေ ခလုတ်တိုက်ကုန်တော့သည်…
မျက်လုံးအကြည့်ကို အရှေ့ဆီပြန်ပို့ လိုက်ပြီး