Chapter-12[Birth of... ]

2.7K 266 11
                                    

"Suho…ပြေးတော့"

        Suhoက သူ့ အမေလက်ကို ဆွဲကာ အဆောက်အဦးပျက်ထဲမှ ထွက်ပြေးလာခဲ့သည်…
အပြင်ရောက်တော့ Krisဆီတစ်ချက်လှည့်ကြည့် လိုက်သည်…အဆောက်အဦးအပြင်ဘက်သို့ 
ပြေးထွက်ပြီးသူတို့ နောက်လိုက်လာရန်
ကြိုးစားသည့် လူများအား Kris က တိုက်ခိုက်နေသည်…

*ကျေးဇူးပြုပြီး…အသက်ရှင်နေပေးပါ*

        အမြင်အာရုံကို ဝေဝါးစေသည်က
သူ့ မျက်ဝန်းက မျက်ရည်တွေကြောင့်လား?
ဒါမှမဟုတ်…ညဥ့်နက်မှာ ကျလာတဲ့ မြူနှင်းတွေကြောင့်လား? သူသေချာမသိ…
စိုစွတ်နေသော မျက်ဝန်းအိမ်တွေကို လျစ်လျူရှုကာ အမေ့လက်ကို ဆွဲပြီး ကားရပ်ထားရာနေရာသို့ ဆက်ပြေး
လာခဲ့တော့သည်…

"Suho??"

     ကားနားရောက်တော့မယ့်ဆဲဆဲမှာ…
လူတစ်ယောက်က Suho လက်ကို လာဆွဲတယ်…

"ဟင်??ခင်ဗျားဘယ်သူလဲ??"

    Suho အလန့် တကြားနဲ့ရုန်းနေမိသည်…
Davidဘက်က လူများလား?

"ငါက Kris ရဲ့သူငယ်ချင်း Kaiပါ…သူငါ့ဆီ message ပို့ ထားလို့ လိုက်လာတာ…
ရဲတွေလည်း ခေါ်လာတယ်"

"တကယ်လား?ဒါဆို အထဲကိုမြန်မြန်သွားရအောင်…
Kris အန္တရာယ်ရှိနေပြီ"

       Suhoက Kaiလက်ကို တုန်လှုပ်စွာ ဆွဲကိုင်ကာပြောလာသည်…
Suhoရဲ့မျက်ရည်စလေးများကို လရောင်အောက်မှာ Kai ထင်ရှားစွာမြင်နေရသည်…

    ထို့ နောက် Suho…Suhoအမေ…
Kaiနှင့်ရဲများက Krisကို
ကယ်ဖို့ အဆောက်အအုံဆီသို့  ချဉ်းကပ်လာတုန်း
အဆောက်အဦးပျက်ထဲမှ လူငါးယောက်ပြေးထွက်လာသည်…ကြည့်ရတာ
Suhoတို့ ကိုဖမ်းဖို့ လိုက်လာသည့်ပုံ…
ထိုလူတွေက ရဲတွေနဲ့Suhoကို တွေ့တော့ တုန်လှုပ်သွားကာ နောက်လှည့်ပြေးရန်
ပြင်သော်လည်း လက်ဦးစွာ ဖမ်းလိုက်နိုင်ခဲ့သည်…
ထို့ နောက် အဆောက်အဦးဆီသို့ 
လျင်မြန်စွာ ဆက်လက်ချဉ်းကပ်သွားကြသည်…

"Kris Wu!!"
      
      အဆောက်အဦးပျက်ထဲသို့ ဦးဆုံး
ဝင်သွားသူမှာ Suhoဖြစ်သည်…နောက်မှ ရဲအရာရှိများ…Suhoအမေနှင့် Kaiသည်လည်း မရှေးမနှောင်းဝင်လာကြသည်…

Has llegado al final de las partes publicadas.

⏰ Última actualización: Sep 03, 2016 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Birth of RegretDonde viven las historias. Descúbrelo ahora