အတန်းထဲ eng.ဆရာ Kris က ရှိုးစမိုးအပြည့်
Smart ကျစွာ ရပ်ကာ အာဘောင်ရင်းသန်သန်နှင့်
စာပိုဒ် ကြီးတခုလုံးကို grammar မှအစ
အဓိပ္ပါယ်ထိအဆုံး အားပါးတရ ရှင်းပြနေသည်.
အတန်းသားတွေမှာလည်း အားပါးတရ ကို အားပေးနေကြပါသည်.ခေါင်းလေးတွေ ယိမ်းနွဲ့၍တမျိုး
မှောက်၍တဖုံ ထောက်ခံနေကြသည်.သို့သော် ထိုထဲ ကွမ်ဖူးး ပန်ဒါ Tao တော့
ဘယ်တော့အခါတွင်မျှ မပါတတ် ပါ.
သူကတော့ သူ့Gucci အကြောင်းကိုပြောပြနေသည့်
အလား စိတ်ပါဝင်စားစွာနှင့် ဆရာ Kris ၏ မျက်တောင်
တချက်အခက် တောင်မှ အလွတ်မပေးဘဲ
သူ့ပန်ဒါမျက်လုံးကြီး ကျွတ်ကျမတတ်
အားပါးတရနှင့်ကို ကြည့်ပြီးနားထောင်နေသည်.
အမှန်တော့ ဒီကောင် ငမ်းကြောထနေတာပါ.
ဒင်း ဆရာkris ကို crushနေတာ တကျောင်းလုံးမသိ
သော်လည်း...တတန်းလုံးတော့အသိ ပင်ဖြစ်သည်.ဘေးက ခြံပတ် နကောင် မှာလည်း eng အချိန်ဆို
သေနေကြသည့်အတိုင်းပင်.Text book ကြီးကို
အနာဂတ် အင်ဂျီနီယာလောင်းများ ပီသစွာ ဘောပင် ပေတံများဖြင့် ထောင်ပြီး နစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး ကုလားသေကုလားမော ကို အိပ်နေကြသည်.Troll king ဘွဲ့ဆောင် ငချန်းမှာလည်း ဤအချိန်တွင်တော့ တိတ်ဆိတ်စွာ အနားယူပုံရသည်.အခန်းထောင့်
နံရံကြီးကို ဇိမ်ပြေနပြေ မှီကာ အိပ်နေသည်.ဘေးမှဆင့်၍မှီကာ ငိုက်နေသူက ပေါက်စီသရဲ xiumin .ဆယ့်နာရာသီ စက်တော်ခေါ်နေလေ့ရှိသော တရုတ်ကောင် Lay ကတော့ လူကသာ ever sleepy
ထိုင်တာက ထိပ်ဆုံးက ဘယ်တော့မှ မဆင်းဘူး...
ခုလည်း ထိပ်ဆုံးကနေ ထိုင်ငိုက်နေသည်.ကျနော် jongin ကို ကြည့်လိုက်တော့ ထုံစံအတိုင်း
ငိုက်နေသည်.ယိမ်းနွဲ့ အဖွဲ့ဝင် ပီသစွာ ခေါင်းက
လက်ထောက်ထားရာမှ ငိုက်ခနဲ ငိုက်ခနဲ ယိုင်ကျနေသည်.
သူ့ကျိပြီး ကျနော် အသံတိတ် ခွိနေမိသည်.
ဘယ်အချိန် စားပွဲနဲ့ဆောင့်မိမလဲဆိုပြီး...😂😂
ကျိနေရင်းပင် ညာလက်ဖဝါးမှ ချော်ထွက်ကျ လာသည့်
မျက်နှာကို သူ့ဘေးက Tae min ဆိုသည့် အကောင်က
သူ့လက်နှင့် ထိန်းပေးလိုက်သည်.