ငါ မင်းကို သစ္စာဖောက်ဖို့ဆိုတာ
တွေးတောင်မတွေးမိခဲ့ဖူးသလို
ဘယ်တုန်းကမှလည်း မင်းအပေါ် သစ္စာမဖောက်ခဲ့ဘူး...ကံတရားက ငါ့ဘက် မရှိနေခဲ့တဲ့အတွက်
မင်း အထင်လွဲချင်စရာ မယုံနိုင်ချင်စရာ ဖြစ်သွားခဲ့တာပါ...Jong In.
မင်း သေချာပြန်တွေးကြည့်ပေးပါလား..
ငါက အရင် မင်းကို စချစ်ခဲ့ရတဲ့သူပါကွာ...ငယ်ငယ်ကတည်းကနေ ခုထိ
ငါ ချစ်တာ မင်းတယောက်တည်းပါဘဲ..
နောက် နောင်လည်း ပြောင်းလဲမှာ မဟုတ်ဘူး...အကယ်၍များ..
မင်း နဲ့ ဝေးသွားရင် ဆိုတာကိုလေ
ငါ တွေးတောင်မတွေးရဲဘူး...အဲကြောင့်လေ...
ငါ့ကို ရှင်းပြဖို့ အခွင့်အရေးတခုလေးဘဲပေးပါနော်...ငါ မင်းနဲ့ လမ်းမခွဲနိုင်ဘူး. Jongin.
ကျေးဇူးပြုပြီး.....
ငါ မင်းကို အရမ်းချစ်လို့ပါကွာ.....
~~~~~~~~~~~
စ
နေနေ့ရောက်ဖို့သာ မျော်နေတဲ့ Kim Jong in
က စနေမနက် ခါတိုင်းထက်ကိုပိုပြီး တက်ကြွနေသည်ကို
မျက်စိနှောက်သည်အထိ တွေ့ရသည်.သို့သော်...
ကျနော့်ကို Taoလာခေါ်သည့်အချိန်မှာတော့ မိမိ စီစဉ်ထားသည့် အစီစဉ်တွေပျက်စီးသွားသည့်အလား ...
မျက်နှာထားတင်းတင်းတွင် ဂျိုကြည့်တွေပါ ပစ်ခွင်းတော့...
ကျနော့် လာခေါ်သည့် Taoပင် ခပ်လန့်လန့်ဖြစ်ကာ
ကျနော့်ကို လက်လာတို့နေသည်..." ပြောထားတယ်နော်...မေ့သွားမှာစိုးလို့ နောက်တခေါက်ပြန် ပြောလိုက်မယ်..ဆယ့်နစ် နာရီမခွဲခင်
အိမ်အရောက်ပြန်လာတာဘဲ မြင်ချင်တယ်"" Apk. ငါသိပါပြီ"
" အေး. သိရင်သိကြောင်း အလုပ်နဲ့သက်သေပြ ..အမြန်သွားအမြန်ပြန်လာ.ဒါဘဲ "
" Arraso "
Captain ကြီးလို အမိန့်တွေခြွေပြီး
လက်နစ်ဖက်နောက်ပစ်ကာ အခန်းထဲဝင်သွားတဲ့
Kim Jong In ကို လှည့်ကျိလှည့်ကျိလုပ်ရင်း
ထွက်လာတဲ့taoက တိုက်ခန်းအပြင် elevator ထဲရောက်တာနဲ့....
