ငယ်ငယ်တုန်းက ကိုယ်ပိုင်တဲ့ အရုပ်တွေကို
သူများက ထိကိုင်ပေးတာ မကြိုက်ဘူးဆိုတာ....အရမ်းခင်တဲ့ သူငယ်ချင်းက တခြားသူငယ်ချင်းများနှင့်
ပေါင်းသည်ကို မကြိုက်ဘူးဆိုတာတွေက....အမြဲမိမိအပိုင်သာ ဖြစ်ချင်သည့် ကလေးတယောက်ရဲ့
ဖြူစင်တဲ့ အတ္တ ....သို့သော်......
ဆယ့်ရှစ်နစ်ဆိုသည်မှာ အများက လက်ခံထားသည့်
အမှားအမှန် ခွဲခြားနိုင်ပြီး စဉ်းစားဆင်ခြင်ဥာဏ် ရှိသည့်
အရွယ်ရောက် ပြီးသား လူတယောက်.ကလေးဘဝကတည်းက အမြဲ ကျနော်တယောက်တည်း
ကိုသာ ဂရုတစိုက်ရှိနေစေချင်သည့် Kim Jong In
ကို .....ဆယ့်ရှစ်နှစ် ပြည့်ပြီးသား ကျနော်က.....
အမြဲ...
ကျနော့်တယောက်တည်း ကိုသာ ကြည့်နေစေချင်တာ....
ကျနော့် အနားမှာဘဲ ရှိနေစေချင်တာ...
ကျနော့်နာမည်ကလွဲလို့ တခြားတယောက်ရဲ့ နာမည်ခေါ်သံကို မကြားချင်တာ....
ကျနော်ကလွဲလို့ တခြားတယောက်ကို သူ့စိတ်ကူးထဲမှာ
တောင် ရှိမနေစေချင်တာ.....
တွေက.....
......တရက်ပြီးတရက် ရှင်သန်ြ ကီးထွားလာတဲ့အခါမှာ....
.....................ဒါတွေဟာ...ကလေးတယောက်ရဲ့ ဖြူစင်တဲ့ အတ္တ
မဟုတ်နိုင်တော့.......ကျနော် ....
ဒီလို စိတ်တွေကို ဆက်ပြီး ရှင်သန်စေသင့်သလား....
မဟုတ်ဘူး.....
ကျနော်...
ခုကတည်းကနေ ဖြတ်တောက်ထားလိုက်သင့်နေပြီနော်...
.........ကျနော် ဒီလို တွေးနေပြီ ဆိုကတည်းက.....
ဟုတ်ပါတယ်....