အနမ်း သည် အချစ်၏ သင်္ကေတ တခု ဖြစ်သည်*ကျနော့် အောက်က Se Hun က ကျနော့်ကို အတင်း
ကို မရမကကို တွန်းဖယ်လာတဲ့ အခါတွင်မှ...ကျနော်လည်း အသက်ရှုဖို့ လေကို လိုအပ်လာသော အခါတွင်မှ....
ကျနော် သိမ်းပိုက်နေတဲ့ နှုတ်ခမ်းကို လွတ်ပေးသည်.
လေကို အပြင်းအထန်ရှုနေသည့် se hunက
သူ့ကို အုပ်မိုးကာ ငုံ့ကြည့်နေသည့် ကျနော့်ကို
တချက်စွေစောင်းကျိကာ 'ကျနော့်ရင်ဘတ်ကို တွန်းဖယ်လိုက်ပြန်၍ ကုတင်အောက်မဆင်းသေးသော်လည်း ကုတင်ဘေးတွင်သာ ဝင်ထိုင်ကာ အသက်ရှုသံတို့ကို ပုံမှန်ပြန်မှတ်ယူသည်.
Oh se hun.မျက်နှာလေးကို ကြည့်နေရင်းနဲ့ပေါ့
အဟွန်းး
ခနက...
ဒီကောင် မျက်စောင်းထိုးလိုက်တာလား !
ချစ်ဖို့ကောင်းသားဗျာ!
အရင်ကလည်း တွေ့ခဲဖူးသော်လည်း
အခုမှ အတော်ချစ်ဖို့ကောင်းနေသည်မှာ
ဘာကြောင့်ပါလိမ့်...အဟွန်း ဟွန်းး
အဖြေကို ကျနော် သိပြီးပါပြီ.
" နာဘူးး...မင်းကမှ တကယ့် နာဘူးကောင် "
အင်!
ကျနော့်ဆန့်ကျင်ဘက်ကို လှည့်စောင်းကျိနေသည့်
ဖူးတူးတူး နှုတ်ခမ်း ပိစိမှ စကားသံကြောင့်!အူမြူးတူးနေတဲ့ ရင်ထဲက ဖီးလ်တွေတောင်
တို့လို့တန်းလန်း ဖြစ်သွား...." y..ya...ဘာစကားလဲကွာ..."
" ဘာစကားဖြစ်ရမှာလဲ...မင်းလေ ..ငါ့ကို အသားယူတာ
နာဘူးမဟုတ်လို့ ဘာဖြစ်ရမှာလဲ ""အာ...မင်းကလည်း...ငါမင်းကို နမ်း....နမ်းဘဲ နမ်းလိုက်တာပါကွာ "
ကျနော့် ကို လှည့်ကျိလာသည့် ခမ်စူးစူးအကြည့်တွေနှင့်
Se hunကြောင့် အမှားအကြီးကြီးလုပ်မိသကဲ့သို့
ကျနော့်မှာ ခေါင်းနပန်းကြီးသွားရသည်.
![](https://img.wattpad.com/cover/75571323-288-k294954.jpg)