ပြသနာတခုကို ဖြေရှင်းဖို့ရာတွင်...
တခါတရံ.....
.....အကောင်းဆုံးဖြစ်မည်ဟူသော ရွေးချယ်မူကို မရွေးချယ်ချင်ရပါဘဲနဲ့ရွေးချယ်ကြရသည်....
....တစုံတယောက်ကို ကာကွယ်ချင်တဲ့အတွက်......
.......ရင်အကွဲခံပြီးတော့ကို......
..............
" ထပ်ပြီး ထွေထွေထူးထူး ပြောစရာ စကားလည်း
မရှိတော့ဘူးဆိုတော့...အင်း...
ငါတို့ လမ်းခွဲကြရအောင် တရားဝင်...sehun.
ဒါ အားလုံးအတွက် အကောင်းဆုံးနည်းလမ်းဘဲ "" ဟင့်အင်း...ငါ လက်မခံဘူး..."
" မင်း လက်မခံလို့မရဘူး Sehun.
ကျေးဇူးပြုပြီး ငါ့ဆီ ထပ်မလာပါနဲ့
ငါတို့ နောက်ထပ် မတွေ့ကြရင် ကောင်းမယ် "" အဲလိုမပြောပါနဲ့ကွာ..နော်..jongin.
.ငါ မင်းကိုဘဲ ချစ်တာလို့...ဟင်...
မင်း ငါ့ကိုဘာလို့ မယုံပေးရတာလဲ? အဲဒါ ကြိုတင်စီစဉ်ထားမူလို့. ..ငါ့ကို အချိန်ပေးပါနော်..
ငါ မဟုတ်ကြောာင်း ငါ သက်သေပြမယ် ..နော်.....""တော်စမ်း ! Sehun! မင်း အားလုံးကို ရှုပ်ထွေးအောင်
ထပ်မလုပ်နဲ့ တော့ ! မင်း ခုစီစဉ်ထားတဲ့တိုင်းဘဲ
စာမေးပွဲပြီးတာနဲ့ ယွန်မီနဲ့ လက်ထပ်လိုက်ပါ "" ငါက ဘာလို့ သူနဲ့ လက်ထပ်ရမှာလဲ ! "
" မင်း ယောကျာင်္းမဟုတ်လား ! Oh se hun! ဟမ်!
မင်း လုပ်ထားတာ မင်း တာဝန်ယူရမှာပေါ့ ! ""ငါ မဟုတ်ဘူးလို့ ပြောပြီးပြီလေ ! ငါ မဟုတ်ဘူးလို့ !
Jongin ရာ...ငါ မင်းနဲ့မခွဲနိုင်ဘူးလို့.....
ငါ ငါလေ...ရူးသွားလိမ့်မယ်....သိလား...
ငါ သူ့ကို လုံးဝမယူနိုင်ဘူး...မင်း မင်းသာ...
ကျေးဇူးပြုပြီး...ငါ့ကို မထားသွားပါနဲ့ကွာ... ""Sehun. ..
မင်းအခုဖစ်နေတာတွေ က မင်း ငြင်းလိုက်ရင်
ဘယ်သူ့အတွက်မှကောင်းကျိုးမရှိဘူး သိလား
အထူးသဖြင့် မင်းအတွက် မင်းထောင်ကျသွားမှာ
သိရဲ့လား oh se hun! ဒါ ကလေးကစားနေတာ
မဟုတ်ဘူးကွ ! "" ငါ ထောင်ကျမှာ မကြောက်ဘူး
မင်း ငါ့ကို ထားသွားမှာကိုသာ ကြောက်တာ .."