တောင်ကိုးရီးယား နိုင်ငံ၏ သာယာလှပသော Autumn
မနက်ခင်း တခုတွင်~ဘူဆန်မြို့ရှိ မိဘမဲ့ဂေဟာတခု တွင် ပြုလုပ်နေကြ
တလတခါ လုပ်အားပေးကို ရပ်ကွက်ထဲမှ လူများ
မပျက်မကွက် ဆောင်ရွက်နေကြသည့် မြင်ကွင်းကို တွေ့မြင်ရသည်.ထိုထဲတွင် kim သားအမိနှင့် oh သားအမိလည်း
အပါအဝင်ဖြစ်သည်.အမျိုးသမီးများက စားဖိုဆောင်ဘက်တွင် တာဝန်ယူထားကြရာ အမျိုးသားများက ဂေဟာ သန့်ရှင်းရေး
ကို တာဝန်ယူကာ မိမိကိုယ်စီတာဝန်များကို ပျော်ပျော်
ရွှင်ရွှင်ဆောင်ရွက်နေကြသည်.ထိုထဲမှ...
အိမ်သာသန့်ရှင်းရေးဘက်တွင် ကံစမ်းမဲ ပေါက်
တာဝန်ကျသည့်သူများကတော့ Kim.Jong In နှင့်
Oh Se Hun ပင်.အလွန်တရာ ညစ်ပတ်နေခြင်းမရှိသောကြောင့်
အနည်းငယ် သန့်ရှင်းလိုက်ပါက ခနအတွင်း ပြီးသွား
နိုင်၍ Oh Se Hunက အားကြိုးမာန်တက်
ဆပ်ပြာမှုန့်ထည့်ဖျော်ထားသော ရေပုံးနှင့် ရေပိုက်တခု
ကိုင်၍ မအားမလပ် အလုပ်ရှုပ်နေသော်လည်း ..
နံဘေးမှ ယောင်လည်လည် နှင့် ဖာသိဖာသာ
ရပ်နေသူက အမောင် Kim Jong In." Jong In..ငါ့ကို ဒီရေပိုက်လေး ကိုင်ထားပေးစမ်းပါ "
"Aw...."
"အာ...သေချာကိုင်လေ ငါ့စင်ကုန်ပြီ "
" ဝှါးးး အိပ်ချင်လိုက်တာ...ဒီလိုလား ?"
မျက်နှာကို စင်လာသော ရေစက်များကြောင့်
ကျနော် ပိုးသတ်ဆေးလောင်းနေရာမှ
နံဘေးမှ ရေပိုက်ကို ပျင်းရိပျင်းတွဲ ယိမ်းယိုင်စွာ ကိုင်နေသူကို အော်လိုက်သည်."Yaa! Kim Jong In!!! ငါ့ မျက်နှာသစ်ခိုင်းနေတာမုတ်ဘူးကွ !!"
" ဟာ!မင်းကလည်း အော်တတ်လိုက်တာ! မတော်တဆ
ကို "အဲ မတော်တဆ က တခါ နစ်ခါမှ မကလာတော့
ဒီကလူက အလုပ်ပြီးတာနဲ့ လူက ရေချိုးထားပြီးသား
ဖြစ်တော့မယ်!