" Se hun.. မင်းတကယ်ပြောနေတာနော် "
"အင်း.."
မျက်လွှာချထားကာ ပန်းနီရောင်ထနေတဲ့ sehun. မျက်နှာချောကို ကျနော် အသည်းယားစွာ ငုံ့ကျိပြီးသကာလ...
ကြောင်ပေါက်လေး စိတ်မပြောင်းသွားခင် ကျနော် လက်နစ်ဖက်နှင့် မျက်နှာချွန်ကို အလျင်အမြန် ဆွဲ ပင့်ယူ
လိုက်သည်.မျက်ခွံကို ခပ်တင်းတင်းကို မှိတ်ထားတဲ့ se hun
က မသိရင် ကျနော်နဲ့ခုမှ ပထမဆုံး နမ်းဖူးသလိုလို...အင်းလေ...
သူလည်း စိတ်လှုပ်ရှားရှာမှာပေါ့လေ...
အိုင်းဂူးး
နှုတ်ခမ်းပိစိကိုလေ...
တခါတည်း ဆွဲကိုက်ပြိုက်ချင်တယ်ကွာ...
စိတ်ထိန်း...
စိတ်ထိန်း Kim Jong In!
အလိုကြီးက အရနည်းတတ်တယ်တဲ့
အဲ..ငါ့စကားပုံက...
နည်းနည်း....
အို...ခုချိန် အာ့ အရေးမကြီးဘူး...
ခုချိန် အရေးကြီးတာက...
ကျနော့်ရှေ့က ကြောင်ပေါက်လေးလို ထိုင်နေပြီး
ကျနော့် အနမ်းကို ငံ့လင့်နေတဲ့သူကို...ကျနော့် အနမ်းတွေထဲ လုံးဝကို မရုန်းထွက်နိုင်အောင်
နမ်းပစ်ဖို့ဘဲ...နောက်ဆို ကျနော့်အနမ်းတွေကို ဘယ်တော့မှကို
မငြင်းဆင်ရလေအောင် ခုကတည်းက
ကောင်းကောင်း သင်ပြတန်သင်ပြ! ဆွဲဆောင်တန် ဆွဲဆောင်ထားမှ!အဟမ်း...
ပြောမဲ့သာပြောတာ...
ကျနော့် ရင်ဘတ်ထဲက အကောင်လဲ ကုလားက
ကနေသလားဘဲ!ဟူး...
စိတ်ကို ငြိမ်ငြိမ်လေးထား...
ဟော...
ကြောင်ပေါက်လေး မျက်ခွံတွေ လှုပ်စိ လှုပ်စိ ဖစ်လာပြီ!
စိတ်မပြောင်းသွားခင် အမြန်နမ်းမှ!
ကျနော့်နှုတ်ခမ်းကို နှုတ်ခမ်းပိစိဆီ ဦးတည်ကာ
အမြန်နီးကပ်ချည်ဇောနှင့် ကျနော့်နှုတ်ခမ်းပင် အနည်းငယ် ဆူထား မိသလားဘဲ..